Saturday 14 January 2012

Adrosoft AD Stream Recorder v4.3.1 Portable

အကြင်နာနန်းတော်

Posted: 27 Aug 2011 10:06 AM PDT


AD Stream Recorder က sound card မှာ Play နေတဲ့ အသံ၊ သီချင်းတွေကို Record လုပ်ပေးပါတယ်။ မိမိကွန်ပျူတာထဲက ဖွင့်ထားတဲ့ အသံတွေကို ဖြစ်ဖြစ်၊ အင်တာနက်ကနေ တိုက်ရိုက် ဖွင့်ထားတဲ့ အသံတွေကို ဖြစ်ဖြစ် MP3, WAV ဖိုင်တွေအဖြစ် Record လုပ်ပေးနိုင်ပါတယ်။ အင်တာနက်က တစ်ချို့သီချင်းတွေက နားထောင်လို့ပဲ ရပြီး Download လုပ်မရတာမျိုးဆိုရင် အသုံးတည့်ပါလိမ့်မယ်။ အရွယ်အစားက 2.59MB ပါဗျာ။

 

Red Bull X Fighters v . 1.0.5

အကြင်နာနန်းတော်

Red Bull X Fighters v . 1.0.5

ဒါလေးကဂိမ်းလေးပါ
ဆော့ချင်ရင်ဒေါင်းဖို့
လင့်ခ်လေးတင်ပေးလိုက်ပါတယ်...
 

 

Nokia applications

အကြင်နာနန်းတော်



Posted: 27 Aug 2011 05:04 PM PDT



Nokia Smartphone သမားတွေအတွက်ပါ...
ဒီကောင်လေးစွမ်းတာတွေကတော့...
ICQ , AIM , Yahoo , MSN , Jabber , Google Talk and smiles  တွေပါ ...
 Facebook သမားတွေလည်းရတယ်ဆိုပဲ...
Language ကတော့ Russia , English  2 မျိုးရပါတယ်...
Freeware လေးပေါ့...
စမ်းသုံးချင်ရင်ဒေါင်းကြည့်ပါ
အဆင်ပြေကြပါစေ...


Friday 13 January 2012

Google+ အကြောင်းမသိသေးတဲ့ သူငယ်ချင်းတွေအတွက်ပါ

ညချစ်သူ

Google+ အကြောင်းမသိသေးတဲ့ သူငယ်ချင်းတွေအတွက်ပါ

အခုတလောကျွန်တော် social website အသစ်တစ်ခုဖြစ်တဲ့ Google+ ကိုတော်တော်လေးသုံးရတာအကြိုက်
တွေ့နေပါတယ်။ ကျွန်တော်တို့မြန်မာလူမျိုးအများစုက Gmail နဲ့မစိမ်းကြပါဘူး။

ဒါပေမယ့် Google+ နဲ့တော့တော်တော်လေးမရင်းနှီးကြဘူးလို့ထင်မိတယ်။
 
သိပြီးသားသူတွေကတော့ ကျော်သွားကြပေါ့။ မသိသေးတဲ့သူတွေကတော့ စိတ်ရှည်ရှည်နဲ့ဖော်စား အဲလေ
 
ဆက်ပြီးဖက်ကြည့်ကြပေါ့နော် အားလုံးအတွက် ကောင်းကွက်လေးတွေရှိလို့မျှဝေပေးတာပါ။
 
ဆရာကြီးလုပ်တယ်လို့တော့မထင်ပါနဲ့ဗျာ။ 
 
 
 
Google+ ဆိုတာဘာလဲ??? 
 
google+ ဆိုတာက အားလုံးသိကြတဲ့ နာမည်ကြီး google.com ရဲ့ social networking service တစ်ခုဖြစ်ပါတယ်။
 
ဒီထက်နဲနဲပိုခက်အောင်ပြောရရင် Google+ ဆိုတာ Facebook,Twitter,VZO(skype),Gtalk အဲ့ဒါတွေအားလုံးကို
 
ပေါင်းစည်းထားတဲ့ website တစ်ခုပေါ့။ ရှုပ်သွားပြီလားမသိဘူး။ မရှုပ်ပါနဲ့အုံး လွယ်လွယ်လေးပါ။ ဒီလိုမှတ်ထား
 
လိုက် Facebook အငယ်စားလေးပေါ့။ 
 
တကယ်ပဲ Facebook အငယ်စားလေးလား?? Facebook Killer လား???
 
G+ မှာ FB နဲ့လုံးဝနီးပါးချွတ်စွတ်တူနေတဲ့နေရာတွေရှိနေပါတယ်။ ဒါပေမယ့် FB အတု ဒါမှမဟုတ် FB ကို copy
 
လုပ်ထားတာဆိုပြီးကမ္ဘာပေါ်ကဘယ် user ကမှအထင်မသေးရဲခဲ့ပါဘူး။ ဘာလို့လဲဆိုတော့ FB ဆီက copy လုပ်
 
ထားတယ်ဆိုတာထက် FB တောင်နောက်ကောက်ကြသွားနိုင်တဲ့ အားသာချက်တွေများစွာနဲ့ users တွေဆီကို feature
 
အသစ်တွေနဲ့ ဝင်ရောက်လာခဲ့တာပါ။ အခုဆို feature အသစ်အသစ်တွေဆက်တိုက်ထွက်လာပြီး ဟိုတလောက FB ပိတ်
 
တော့မယ်ဆိုတဲ့ သီတင်းတကယ်မှန်သွားစေနိုင်လောက်အောင် လျှင်လျှင်မြန်မြန်နဲ့အောင်မြင်လာခဲ့ပါတယ်။ 
 
 
 
Google+ ဆိုပြီးတရားဝင်မလွှင့်တင်ခင်အထိ Google+ Project ဆိုပြီး Google company က၀န်ထမ်းတွေကိုစပြီး
 
အသုံးပြုခွင့်ပေးခဲ့ပါတယ်။ အဲ့ဒီ Trial ကာလအတွင်းကတော့ G+ ကိုလက်ရှိအသုံးပြုနေတဲ့သူတွေက invite လုပ်ပေး
 
မှ အကောင့်မရှိသေးတဲ့သူတွေအသုံးပြုခွင့်ရတဲ့ကာလပါ။ အံ့သြစရာကောင်းလောက်အောင်ပါပဲ Trial ကာလ
 
(June 28, 2011 until September 20,2011) ၄လ အတွင်းမှာ အသုံးပြုသူဦးရေ သန်း ၅၀ ကျော်တဲ့ အထိ
 
အောင်မြင်ခဲ့ပါတယ်။ အတိအကျပြောရရင်တော့ Trial စလွှင့်တင်ပြီး ၂ပတ် အတွင်းမှာတင် အသုံးပြုသူ ၁၀ သန်း၊
 
၁လ အတွင်း ၂၅သန်း(ဒါတောင်တရုတ်မှာ Block လုပ်ထားခဲ့လို့) အထိအောင်မြင်ခဲ့ပါတယ်။ ထက်ပြီးအတိအကျပြော
 
ရရင် Facebook စတင်လွှင့်တုန်းက အသုံးပြုသူ ၂သန်း ရရှိဖို့ ၂နှစ် ကြာခဲ့ပါတယ်။ G+ က FB ရဲ့စံချိန်ကိုချိုးပြခဲ့ပါတယ်။
 
 
 
ဘာလို့ G+ အဲ့လောက်အောင်မြင်လာခဲ့တာလဲ???
 
G+  မှာ circle, photo, stream, hangout, game, spark  ဆိုတဲ့ အဓိက features တွေပါရှိပါတယ်။
 
Circles
 
 
 
G+ ကိုအောင်မြင်စေတဲ့အဓိက feature  ပါ။ Circle တွေဘယ်လိုအလုပ်လုပ်လဲကြည့်ရအောင်
 
Google+ ရဲ့ circle တွေက facebook ရဲ့ Add As Friend နဲ့လုံးဝကွာပါတယ်။ G+ မှာ user အတွက်
 
friends,family,acquaintances, following ဆိုတဲ့ circles တွေပါပြီးသားပါ
 
 
သင်လုပ်ရမှာကသင့် gmail account ထဲက သူငယ်ချင်းတွေကို click လိုက်ထောက်ပြီး ရှိနေတဲ့ friends ဆိုတဲ့
 
စက်ဝိုင်းထဲကို drop ချလိုက်ရုံပါပဲ၊ မိသားစုဝင်တွေဆိုရင်တော့ Family ဆိုတဲ့စက်ဝိုင်းထဲကိုပေါ့။
 
Following ဆိုတာက ဥပမာ Britney Spears ဆိုပါတော့ သင်ကသူ့ကို friend circle ထဲထဲ့လို့ရပါတယ်၊
 
သင့်သဘောပါပဲ ဒါပေမယ့် သင်ဟာသူနဲ့တကယ်သူငယ်ချင်းမဟုတ်ပါဘူး။ သူကလဲ သန်းနဲ့ချီတဲ့ friend requests 
 
တွေထဲကသင့်ရဲ့ request ကိုမှရွေးပြီးသူ့ရဲ့သူငယ်ချင်းစက်ဝိုင်းထဲ ထဲ့မှာမဟုတ်ပါဘူး။ အဲ့တော့သူ့ရဲ့ public profile
 
ကိုသင်ဝင်ကြည့်လို့ရမှာမဟုတ်ပါဘူး။ အဲ့တော့သင်သူ့ကို Follow လုပ်လိုက်ပါ။
 
 
သင်ဟာသူ့ရဲ့ ပရိတ်သတ်တစ်ယောက်ဖြစ်သွားပါပြီ။ သူ့ရဲ့ Public sharing တိုင်းကိုသင်မြင်တွေ့နိုင်ပါပြီ။
 
Pages တွေ ဥပမာ မှော်ဆရာgroup ရဲ့ page ဆိုပါတော့ group ထဲကမန်ဘာတွေနဲ့သူငယ်ချင်းဖြစ်လို့ရပေမယ့်
 
group ကြီးနဲ့တော့သူငယ်ချင်းဆိုတာမဖြစ်နိုင်ပါဘူး အဲ့တော့ကျွန်တော်တို့တွေ ဒီ group ကို follow လုပ်ရပါတယ်
 
ဒီသဘောပါ။
 
 
 
Circles တွေရဲ့အသုံးဝင်ပုံ
 
ဘာလို့ဒီလိုစက်ဝိုင်းတွေရှိနေရတာလဲ??? အဖြေရှင်းဖို့အတွက် Facebook နဲ့သတ်သေပြရမှာပါ။
 
ဥပမာဗျာ ကျွန်တော်တက္ကသိုလ်တက်တုန်းက အတန်းတက်ဖို့နေနေသာသာ ကန်တင်းမှာကြီးပဲ ၃နှစ်ကုန်ခဲ့တာ
 
အဲ့အကြောင်းတွေ ကျွန်တော်ပြန်တွေးဖြစ်တော့ တက္ကသိုလ်ကြီးကိုလွမ်းမိတာပေါ့၊ အဲ့လိုနဲ့ကျွန်တော် Facebook 
 
ပေါ်တင်မယ်ဆိုပါတော့။ တင်လိုက်ပါပြီ။ ဖြစ်ချင်တော့ကျွန်တော့်အမေကြီးလဲ FB သုံးတယ်လေ
 
သူကလဲကျွန်တော့်ထဲမှာ family member တစ်ယောက်အနေနဲ့ရှိနေတယ် အဲ့တော့ကျွန်တော်တင်တာကို
 
သူမြင်နေရတာပေါ့။ သူ မဆူရင်တောင်ဘယ်စိတ်ကောင်းပါ့မလဲ။ ဒါပေမယ့်ဗျာ လေတာကလဲလေပြီးသွားပြီ
 
FB ပေါ်တင်ချင်တာလဲအရမ်းပဲ အမေတစ်ယောက်ထဲကိုမတွေ့အောင်ဖန်တီးပြီးတင်လို့ရပေမယ့်
 
ကိုယ့်သူငယ်ချင်းဖြစ်နေတဲ့ အမေ့ရဲ့သူငယ်ချင်းတွေ ရှိနေရင်ဘယ်လိုလုပ်မလဲ။ ဒါဥပမာပဲရှိသေးတာနော်။
 
ကျွန်တော်တို့ဆီမှာလူတိုင်းမသိစေချင်တဲ့ခံစားချက်လေးတွေရှိတာပဲ အဲ့ခံစားချက်လေးတွေအတွက်ထွက်ပေါက်
 
အဖြစ် ကိုယ်သိစေချင်တဲ့သူတွေကိုပဲသိစေလိုတာမျိုးတွေလဲရှိတာပေါ့၊ FB ကဒါမျိုးတွေဖန်တီးမပေးနိုင်ပါဘူး။
 
လူတစ်ယောက်ကိုသင်သူငယ်ချင်းအဖြစ်လက်ခံလိုက်ပြီဆိုရင် သင်တင်သမျှပိုစ်တွေကို သူမြင်ချင် မမြင်ချင်ချင်
 
တွေ့နေရမှာပါပဲ။ 
 
 
G+ ရဲ့circles တွေကအဲ့ပြဿနာကိုလွယ်ကူတဲ့အဖြေနဲ့ရှင်းပေးထားပါတယ်။ circle တွေပါ။
 
ခုနကကျွန်တော့ဥပမာအတိုင်းဆိုရင် ကျွန်တော် G+ ထဲမှာ University Friends ဆိုတဲ့စက်ဝိုင်းဆောက်လိုက်မယ်ဗျာ။
 
ပြီးတက္ကသိုလ်ကသူငယ်ချင်းတွေချည်းပဲထဲ့ထား နောက်ကိုရေးချင်တာရေးပြီး ကိုယ့်ပိုစ်ကိုတွေ့စေချင်တဲ့
 
circles တွေကိုပဲရွေးပြီး share လိုက်။  Public ထဲတင်ချင်ရင် Public ဆိုတာကိုရွေးပြီး share လိုက်။
 
အလွန်လွယ်ကူပြီးသင့်ရဲ့ privacy ကိုလဲမထိခိုက်ပါဘူး။
 
 
 
Circles တွေအကြောင်းကပြောရင်တောင်ကုန်ပါ့မလား  တစ်ခုကျန်သေးတယ် friend တွေအချင်းချင်း
 
the whole circle လုံး share လို့ရသေးသဗျာ။ ကျွန်တော့်ဆီမှာကျွန်တော်လေးစားတဲ့စာရေးဆရာတွေချည်းပဲရှိတဲ့
 
စက်ဝိုင်းရှိတယ်ဗျာ ကျွန်တော့်သူငယ်ချင်းတစ်ယောက်ကအဲ့စာရေးဆရာတွေကို follow လုပ်ချင်တယ် FB ထဲမှာသာ
 
ဆိုရင် ကျွန်တော့် friends တွေဗြောက်သောက်တွေထဲကတစ်ယောက်ချင်းစီကိုလိုက်ပြီး Add ရမှာ စက်ဝိုင်း
 
တွေရှိနေခြင်းကလူတွေကိုသူ့အပိုင်းနဲ့သူစုစည်းထားလို့ရတယ် အခုလိုကျွန်တော့်သူငယ်ချင်းကတောင်းဆိုတာ
 
မျိုးရှိလာပြီဆိုရင် ကျွန်တော်က ကျွန်တော့်ရဲ့ စာရေးဆရာတွေပဲရှိတဲ့ Friend circle ကိုသူငယ်ချင်းဆီ
 
Share ပေးလိုက်ရုံပဲ။ သူလဲအချိန်ကုန်သက်သာတယ် စံနစ်တကျလဲဖြစ်တယ်၊ ဘယ်လောက်ကောင်းလဲ။ 
 
ကဲအခုတော့ Circle တွေအကြောင်းနဲ့ပဲခဏရပ်ထားလိုက်ရအောင်။ 
 
နောက်မှပဲ မေးလ်တစ်စောင်နဲ့ထပ်ရှုပ်တော့မယ်ဗျာ
 
ကျွန်တော့်ကို Google+ ထဲမှာ +chan myat oo ဆိုပြီးတွေ့နိုင်ပါတယ်။
 
circle တွေထဲလဲ add နိုင်ပါတယ်ဗျာ။
 
 
ကြည့်သူဦးရေ: 501

Google Plus အားလေ့လာခြင်း ( ၂ )

ကောင်လေးငယ်



Posted: 24 Aug 2011 01:41 AM PDT

ကျွန်တော်ဟိုနေ့က Google + ကိုအသုံးပြုနိုင်ဖို့အတွက်ဘယ်လိ Register လုပ်ပြီးဝင်ရောက်ရမယ်ဆိုတာကို
ရှင်းပြရင်းနဲ့စတင်မိတ်ဆက်ပေးခဲ့ပြီးပါပြီ..အခုဆိုရင်အားလုံးပဲ Google + မှာမိမိတို့ရဲ့ကိုယ်ပိုင် Profile တစ်ခု
ပိုင်ဆိုင်သွားပြီလို့ ထင်ပါတယ်..ဒီနေ့တော့ကျွန်တော်တို့ Google + ကိုဆက်ပြီးတော့လေ့လာကြည့်ရအောင်
ဗျာ..

Google ဟာသူရဲ့ Project အသစ်ဖြစ်တဲ့ Google Plus ကို Facebook ကိုကျော်လွှားနိုင်ဖို့အတွက်ဆန်းသစ်တဲ့
နည်းပညာတွေကိုပေါင်းစပ်ပြီးပွဲထုတ်ခဲ့တာဖြစ်ပါတယ်..ကျွန်တော်တို့အရင်က Facebook မှာအသုံးပြုကြတဲ့အခါ
မှာတစ်ယောက်နဲ့တစ်ယောက်သူငယ်ချင်းဖြစ်သွားပြီဆိုတာနဲ မိမိနဲ့ပါတ်သတ်တဲ့အကြောင်းအရာတွေကိုမိမိကအရင်;
နှီးဆုံးသူငယ်ချင်းတစ်ယောက်ကိုသာထုတ်ဖော်ပြချင်တာဖြစ်ပေမယ့် အကြောင်းအရာတစ်ခုကို Share လိုက်ပြီ
ဆိုတာနဲ့မိမိသိစေချင်သူရော မသိစေချင်သူများအားလုံးပါ မိမိ Share လိုက်တဲ့အကြောင်းအရာကိုသိရှိသွားမှာ
ဖြစ်ပါတယ်အဲ့ဒီလိုအားနည်းချက်တွေကို Google Plus က Circles ဆိုတဲ့ Feature ကိုအသုံးပြုပြီး ထိမ်းချုပ်ပေး
သွားတာကို တွေ့ရပါတယ်..

Google Plus မှာပါဝင်တဲ့  Circles ဟာကျယ်ပြန်လှတဲ့ Social Network ကြီးထဲမှာ မိမိတို့ခင်မင်ရင်းနှီးတဲ့အုပ်
စုလိုက် Contacts လုပ်ပေးနိုင်တဲ့အတွက် မိမိကဒီအကြောင်းအရာတစ်ခုကို မိမိနဲ့အရင်းနှီးဆုံး မိတ်ဆွေသူ
ငယ်ချင်းများကိုသာ Share ပေးချင်တာလား ၊ ဒါမှမဟုတ် အားလုံးကိုသိစေချင်တဲ့သဘောနဲ့ Share ချင်တာ
လား ၊စသည်ဖြင့်ခွဲခြား လုပ်ဆောင်ပိုင်ခွင့်တွေပါဝင်ပါတယ်..မိမိတို့စိတ်ကြိုက် Circle တွေကို Create ပြုလုပ်
နိုင်ပြီး ကျယ်ပြန့်လှတဲ့  Social Network ကြီးထဲမှာ ကိုယ်ပိုင် Home Circle များတည်ဆောက်ပြီး Share တွေ
လုပ်ဆောင်နိုင်ခြင်းဟာ Facebook နဲ့မတူညီတဲ့ကောင်းမွန်တဲ့ Feature တစ်ခုဖြစ်ပါတယ်..

Google Plus ကိုအသုံးမပြုရသေးတဲ့သူများကတော့ Circle နဲ့ပါတ်သတ်ပြီးလက်တွေ့လေ့လာကြည့်ချင်
တယ်ဆိုရင်တော့ ဒီလင့်လေး  မှာသွားပြီးတော့လေ့လာနိုင်ပါတယ်..
ပြီးရင် The Google+ project: Explore Circles  နဲ့ပါတ်သတ်ပြီး U-Tube မှာလေ့လာနိုင်ပါသေးတယ်




နောက်ထပ်ထူးခြားစွာပါဝင်လာတဲ့ Feature တစ်ခုကတော့ Hangouts ပါ..Hangouts မှာဆိုရင်မိမိတို့တစ်ဦး
ချင်း Contect လုပ်ကာ Single Video Chat မှသည် Group Chat အထိအသုံးပြုနိုင်တဲ့ Feature ကိုထည့်
သွင်းပေးထားပါတယ်..ကျွန်တော်အပေါ်မှာပြောခဲ့သလို Home Group လေးတွေတည်ဆောက်ပြီး ဝေးကွာ
နေကြတဲ့မိသားစုဝင်များ မိမိတို့လုပ်ငန်းဆောင်တာများ ပြီးဆုံးတဲ့အခါမှာ ပုံမှန်မိသားစုတွေ သိုက်သိုက်ဝန်းဝန်း
နဲ့တွေ့စုံကြသလို တွေ့ဆုံနိုင်အောင်ဖန်တီး ပေးထားတာကလဲ Google Plus မှာပါဝင်တဲ့Hangouts ရဲ့ထူးခြား
ချက်တစ်ခုပါပဲ..။Group Chat တစ်ခုဟာ အများဆုံး လူ ( ၁၀ ) ယောက်အထိပါဝင်နိုင်တာကိုတွေ့ရပါတယ်..
ဒီကောင်လေးကိုအသုံးပြုမယ် ဆိုရင်တော့ GoogleVoiceAndVideoSetup  လေးကို Download  ချပြီးမိမိတို့
အသုံးပြုမဲ့ ကွန်ပျူတာတွေမှာ Install လုပ်ပေးဖို့လိုပါလိမ့်မယ်..
The Google+ project: Explore Hangouts ကိုလည်းအောက်မှာလေ့လာကြည့်နိုင်ပါတယ်..




Sparks ကတော့ရှာဖွေစုဆောင်း မှတ်သားရတာကြိုက်နှစ်သက် သူများအတွက်အရမ်းကိုအသုံးဝင်စေမယ့်
Feature လေးပါ..အရင်လို Google မှာသက်သက်လိုက်ရှာမနေတော့ပဲ မိမိဖတ်ချင်တဲ့အကြောင်းအရာတစ်
ခုကို Sparks မှာရိုက်ရှာမယ်ဗျာ..တွေ့ပြီဆိုတာနဲ့  Share  ကိုနှိပ်လိုက်ပါ..ပြီးရင် Add circles or people
to share with...ကနေပြီးတော့ မိမိကအားလုံးကို ဒီအကြောင်းကို Share ပေးချင်တာလား  ဒါမှာမဟုတ်မိမိဘာ
သာသီးသန့်သိမ်းထားချင်တာလား ဆိုတာကို သက်ဆိုင်ရာ Circle လိုက်ရွေးပြီး Share ပေးထားယုံပါပဲ..
စိတ်ကြိုက်အကြောင်းအရာတွေအကုန်လုံးကို မိမိကိုယ်ပိုင် Circle ထဲမှာထည့်ပြီးသိမ်းထားယုံပါပဲ..
The Google+ project: Explore Sparks  နဲ့ပါတ်သတ်ပြီးအောက်မှာလေ့လာကြည့်နိုင်ပါတယ်..



နောက်ထပ်လေ့လာချင်သူများကိုမိတ်ဆက်ပေးချင်တာကတော့ Google + နဲ့  Facebook  ရဲ့ကွာခြားချက်
ပါ..အောက်ပုံကိုလေ့လာကြည့်လိုက်ရင်ဘာတွေကွာခြားချက်ရှိလဲဆိုတာ သဘောပေါက်သွားပါလိမ့်မယ်..



ဒါကတော့ Google Plus မှာပါဝင်တဲ့ Feature လေးတွေကိုလေ့လာကြည့်ရင်းနဲ့ Google + နဲ့ Facebook 
နှိုင်းယှဉ်ချက်လေးကိုပြန်ပြီးတော့မျှဝေပေးလိုက်တာဖြစ်ပါတယ်..နောက်ရက်တွေမှာလဲဆက်ပြီးတော့
လေ့လာမိတာလေးတွေကိုမျှဝေပေးသွားပါအုံးမယ်..

ajax loader
Posted: 23 Aug 2011 10:43 PM PDT

ကျွန်တော်တို့ Firefox ကိုအသုံးပြုသူတိုင်း မိမိတို့စိတ်ကြိုက် Website ကိုအလွယ်တကူ ရှာဖွေရလွယ်
အောင် Firefox မှာပါဝင်တဲ့ Bookmark လေးကိုသုံးပြီး အလွယ်တကူ မှတ်သားတက်ကြတာ ကိုတွေ့
ရပါတယ်..အဲ့ဒီမှာ Firefox မှာပါဝင်တဲ့ Bookmark လေးဟာကျွန်တော်တို့ Windows အသစ်တင်ရင်ပဲ
ဖြစ်ဖြစ် အကြောင်းတစ်ခုခုကြောင့် Firefox  ကိုအသစ်ပြန်တင်တဲ့ အခါမှာပဲဖြစ်ဖြစ် မိမိတို့အချိန်ပေး ပီး
စိတ်ကြိုက် မှတ်သားထားတဲ့ Bookmark ထဲကလင့်တွေဟာလဲ အလွယ်တကူ ပျောက်ဆုံးသွားမှာ
ဖြစ်ပါတယ်..အဲ့ဒီလိုမဖြစ်ရအောင် Bookmark လေးကိုဘယ်လို Export လုပ်ရမယ်ဆိုတာကိုအရင်က 
ရှင်းပြပေးဖူးပါတယ်..။အခုကျွန်တော် ဘာလို့ထပ်တင်ပေး ရလဲဆိုတော့မသိသေးတဲ့ သူများအတွက်
ရောပြီးရင် Firefox အသစ်တွေထပ် ထွက်လာတဲ့အခါမှာ အရင်တုန်းက အသုံးပြုခဲ့တဲ့ပုံစံလေးတွေ နဲ့
မတူတော့တာကြောင့် မသိသေးတဲ့သူတွေ အတွက်အလွယ်တကူ Export လုပ်လို့ရအောင် တင်ပေး
လိုက် တာပါ..။

ကျွန်တော်အောက်မှာ ပုံလေးတွေနဲ့အရင်ဆုံး Bookmark လေးကိုဘယ်လို Export လုပ်ရမယ်ဆိုတာ
ရယ် Export လုပ်ထားတဲ့ Bookmark လေးကို Firefox မှာဘယ်လိုပြန်သွင်းရမယ်ဆိုတာတွေကိုရှင်းပြ
ပေးထားပါတယ်..။ပုံလေးတွေကိုကြည့်ပြီး လုပ်လိုက်ရင်အဆင်ပြေသွားပါလိမ့်မယ်..။အရင်ဆုံး Firefox
ကိုဖွင့်လိုက်ပါ..ပြီးရင်အောက်က ပုံလေးတွေမှာပြထား သလိုအဆင့်ဆင့်လိုက်လုပ်ပေးလိုက်ပါ..။




အပေါ်ကပုံအတိုင်း Firefox Bookmark လေးကို  Download လုပ်ပြီးသွားပြီဆိုရင်တော့အောက်မှာဆက်ပြီး
တော့ Export လုပ်ထားတဲ့ကောင်လေးကို ဘယ်လို Import လုပ်ရမယ်ဆိုတာ အောက်မှာပုံလေးတွေနဲ့ဆက်
ပြီးတော့ရှင်းပြပေးထားပါတယ်..







ဒီလောက်ဆိုရင်တော့ Firefox Bookmark လေးကိုဘယ်လို Export လုပ်ပြီး ဘယ်လို Import ပြန်လုပ်ပေး
ရမလဲဆိုတာကိုသိသွားပြီလို့ထင်ပါတယ်..

Google(Gmail,Gtalk) အကောင်ဖွင့်မရခြင်းဖြေရှင်းဆို့

Gtalk,Gmail အကောင့်ဖွင်ရာတွင် နဂိုလိုမဟုတ်တော့ဘူး။Mobile ဖုန်းနံပါတ်တောင်းပါတယ်။
မြန်မာနိုင်ငံမှာရှိတဲ့ ဖုန်းတွေနှင့်အဆင်မပြေပါဘူး။ပြည်ပမှာရှိတယ်ညီကိုတွေအတွတ်တော့အဆင်ပြေတယ်။
Gmail အကောင့်ဖွင်ဖို့အောက်ကနည်းလမ်းတွေထဲကတစ်နည်းမဟုတ်တစ်နည်းနှင့်ဖြေရှင်းကြစို့။

၁။ Internet Explorer (IE)
၂။ကျော်ခွပြီးဖွင့်ခြင်း
၃။ Stay signed in နှင့် Enable Web History Learn More က အမှန်ခြစ်(ကလစ်)ဖြုတ်ပီးဖြေရှင်းနည်း
၎။အခြား Service ပေးသော Email မှ အစားထိုးဖြေရှင်းခြင်း


၁။Internet Explorer(IE)
ကဲစလိုတ်ကြရအောင်  Internet explorer(IE)နှင့်အရင်ဆုံးကြိုးစားပီတောဖွင့်ကြည်ပေးပါ။ အကျွမ်းမ၀င်
သေးသောသယ်ရင်းများအတွတ် Internet explore(IE) ဆိုတာက Microsoft Windows များမှာ
ပါဝင်ပီးသော ဆောလ်ဝဲ(browser)တစ်ခုပါ(Internet web page များကြည်ရူရန်)။Windows start
Menu ကနေ့ခေါ်ယူအသုံးပြုလိုရပါတယ်။ ကဲ့ IE နှင့်ကြိုးစားပီဖွင်ကြည်ပါဦး။မရ ရင်စိတ်မပူပါနှင့်တခြားနည်းလမ်းတွေရှိပါသေးတယ်။

၂။ကျော်ခွပြီးဖွင့်ခြင်း
ကျော်ခွဖွင့်ခြင်းအတွတ် ကလည်း အဆင်ပြေမယ်ထင်ကြတယ်တကယ်တော့ ဖုန်းနံပါတ်တောင်းတာပါပဲ။
ကျော်ခွပီးစမ်းဖွင့် ခြင်းတဲ့သယ်ရင်းများကလည်း ကျော်ဖိုခွဖို့ ဒီနေရာလေးမှာ ရေးထားပါတယ်။စမ်းပီးတော့ဖွင်နိုင်ပါတယ်။

၃။ Stay signed in နှင့် Enable Web History Learn More က အမှန်ခြစ်(ကလစ်)ဖြုတ်ပီးဖြေရှင်းနည်း
ဒီနည်းလမ်းကတော့(IE)နှင့်ဖြစ်ဖြစ် Firefox နှင့်ပဲဖွင့်ဖွင့် Password ရိုက်ထည် တဲ့နေရာလေးရဲ့အောက်က
Stay signed in နှင့် Enable Web History Learn More  ဆိုတာရဲ့ဘေးကအမှန်ခြစ်လေးတွေကိုဖြုတ်ပီးစမ်း
သပ်ဖွင်ကြည်ပါ။


အပြည်အစုံဖြည်ပီးတောစမ်းကြည်ပါ။ မရ ရင်လည်းမစိုးရိမ် နဲ့ဦးနောက်ဆုံးနည်းလမ်းလေးနှင့်အဆင်ပြေမှာ
ကျိန်းသေတယ်။
၎။အခြား Service ပေးသော Email မှ အစားထိုးဖြေရှင်းခြင်း
ကဲဗျာနောက်ဆုံးပိတ် အစားထိုးနည်းလမ်း လေးနှင့်စမ်းကြည်ရအောင်။ ၀န်ဆောင်မူပေးမဲ့ Website
ကတော့ www.bluworld.org ပဲဖြစ်ပါတယ်။ သူဆိုဒ်လေးကို preview ကြည်ပါဦး။
Login နှင့် Signup တွေတယ်ဟုတ် စတင်အသုံးပြုမှာမိုလို Singup ကိုနှိပ်ပီးတော လိုအပ်သည်
အချက်အလတ်များဖြည်ပေးလိုတ်ပါ။


Sign up ကိုနှိပ်လိုတ်ရင်တော့အောက်ပါအတိုင်းမြင်ရပါလိမ်မယ်။First name,Lest name တိုပီးရင်
 Desired Email Address ရဲ့နေရာမှာကိုသုံးမယ် နာမည်နော်။ ကျွန်တော်သုံးမဲ့ နာမည်ကတော့
Myohanhtet19 လိုပေးထားတယ်။ ဒါပထမအဆင့်ပဲရှိသေးတယ် ။ အားလုံးဖြည့်ပီးရင် Continue
နှိပ်ပြီး ဒုတိယအဆင်ကိုသွားကြဆို့။

ဒုတိယအဆင့်မှာတော့ Security Question: , Secondary Email Adress: တို့ စတာတွေဖြည်ပေးလိုတ်ပါ။
သတိထားရမှာက Email address ဆိုတဲနေရာက ကိုယ်ရဲ့နာမည် myohanhtet19@blumail.org
ဆိုတာ Gtalk အသုံးပြုရင် အဲ့အတိုင်း အပြည်အစုံ (myohanhtet@blumail.org)။နောက်က@blumail.org
ပါတယ်နော်မေ့မှာစိုးလို့။ ပီးရင် Create Account ကိုနှိပ်လိုတ်နော်။


အလုံးပီးသွားရင်တော ဒီလိုလေးပေါ်လာပါပီ

စတင်ပီးအသုံးပြုနိုင်ပီ Gtalk ကိုဝင်လိုရှိရင် နာမည်ရဲ့နောက်မှာ @blumail.org ထည်ဖို့ မမေ့ပါနဲနော်။
အော် email အသုံးပြုမယ်ဆိုလည်း www.blumail.org ကနေ login ၀င်ပီးအသုံးပြုပါ။



အားလုံးကိုလေးစားလျှက်(မျိုးဟန်ထက်)


----------------------------------------------------------------------------------------------------------------------------------
နည်းနည်းလောက်အာချောင်ပရစေအပေါ်ကအကြောင်းအရာနဲတော့ဘာမှမဆိုင်ပါဘူး
ဒီဆိုဒ်ကိုစဖွင့်ကတည်းကတွေရတာလေးပါ။ " ဘယ်အကြောင်းအရာမှန်းမသိရင်ဒီမှာတင်လိုတ်ပါ" ဆိုတာလေး
စဉ်းစားကြည်ပါဦး ဗျာကိုယ်ရေးတာဘာအကြောင်းအရာမှန်းမသိပဲနဲ့တင်လိုတ်ရင် စာဖတ်တဲ့သူတွေကဘာအကြောင်း
အရာတွေများရရှိသွားနိုင်လည်း။ အဲနေရာကိုလည်းသွားဖတ်မကြည်ရသေးပါဘူးဘာအကြောင်းအရာတွေမှန်းမသိလို။
အာချောင်တာ ပါ မော်ကျွန်းကသယ်ရင်းများပျော်ရွှင်ပါစေ။

အားလုံးကိုမေးလ်ပို့မယ်(သို့) လက်မခံချင်သောမေးများအားပိတ်ပစ်မည်။

Myo Han Htet

အားလုံးကိုမေးလ်ပို့မယ်(သို့) လက်မခံချင်သောမေးများအားပိတ်ပစ်မည်။


အရင်တုန်းက သီချင်းတစ်ပုဒ်ကို ကိုယ်G-talk ထဲကသူငယ်ချင်းတွေအားလုံးဆီကိုပို့ချင်တာ
ဘယ်လိုပိုရကောင်းမှန်းမသိဘူး။တော်တော်လေးစိတ်ညစ်ခဲ့ရတယ်။ ခုတော့အဆင်ပြေသွားပါပီ။
Gmail က Contacts ကိုအရင်သွားလိုတ်တယ်။

အဲမှာ့က My contacts , Family ,Friend …………, Other contacts အဲလိုမျိုး Group လေးတွေဖွဲထားတယ်။

My contacts ကတော့ကိုယ်နဲ့ခင်မင်ခင်ရင်းနှီးတဲသူတွေများတယ်။အကုန်လုံးကို
အမှတ်ပေးပြီး အပေါ်နားက Email ဆိုတာကို နှိပ်ပီးအကုန်းတန်းဆီပိုတောတာပဲ့ကျွန်တော်တော့။

အယ်..၊အဲဒါအကုန်လုံးမဟုတ်သေးဘူးနော်။အကုန်လုံးကိုပိုချင်တယ်ဆိုရင်တော..။ Group တစ်ခုချင်းဆီကိုဝင်ပြီး select all ပေးပီးပိုပေါ့။နည်းနည်းတော့အလုပ်ရူပ်စေတယ်။
နောက်ထပ် နည်းလမ်းရှိပါသေးတယ်
အပေါ်ကနည်းလမ်းအတိုင်း ဆို ရင် ကိုယ်ပိုလိုတ်တဲသူဆီမှာ Forword မေးတွေများစွာသွားပေါ်နေပါတယ်။
ဒုတိယ နည်းလမ်းကတော့ To ဆိုတဲ့နေရာမှာ မိမိရဲ့မေးလ်လိပ်စာကိုရိုက်ထည်လိုတ်။ ပြီးတော့မှ add bcc ဆိုတာကိုကလစ်ပြီး အဲဒီဘောက်မှာမှ ကိုယ်မေးလ်ပို့ချင်တဲ့သူတွေ၇ဲ့လိပ်စာကို ထည့်ပေးပါ။
ဒါဆိုရင်တောပိုလိုရပါပီ။
နောက်ထပ်ပီးတော့နည်းလမ်း တစ်ခုရှိသေးသဗျ
Group တခု အသစ် လုပ်ပြီး ရှိသမျှ Contacts အကုန်လုံးကို အဲဒီ Group ထဲ ထည်.ထားလိုက်ပါ။
Email အသစ် ပို.တဲ. အခါဖြစ်ဖြစ်, Reply, Forward လုပ်တဲ. အခါဖြစ်ဖြစ် To:, Cc:, Bcc: ဆိုတဲ. နေရာမှာ Group နာမည် ရိုက်ထည်.ရုံနဲ. Group တခုလုံး (Contacts အားလုံး) ကို Mail ပို.လို. ရပါတယ်။ ပိုလွယ်တာပေါ.။

တခု သတိထားရမှာက Contacts 500 ထက် ပိုပြီး Email မပို.ပါနဲ.။
POP, IMAP သုံးရင် (Outlook) လိုမျိုးသုံးရင် Contacts 100 ထက် ပိုမပို.ပါနဲ.။
Google က Spam လုပ်တယ်ဆိုပြီး Account ကို ပိတ်ပစ်မှာ ဖြစ်ပါတယ်။
ကိုယ်မလိုချင်တဲ့မေးတွေကိုလည်းတားဆီးထားသလိုရသဗျ
အောက်မှာကျွန်တော်တို့မြန်မာမိသားစုဖိုရမ်ထဲကဆွေးနွေးထားသည်များကိုပြန်လည်ဖော်ပြပါတယ်
မေးလ်တွေကလည်း ဟုတ်ပါတယ်မျက်စိနောက်လောက်အောင် ၀င်တယ်။ ဟိုဝက်ဆိုဒ်မှာ မှတ်ပုံတင် ဒီဝက်ဆိုဒ်မှာမှတ်ပုံတင်ဆိုတော။အဲ့ဝက်ဆိုဒ်တွေက ပဲ သူတိုအသစ်တင်တိုင်း ၀က်ဆိုဒ်မှာတစ်ခုခုလုပ်တိုင်း
ကိုယ်ဆီကို မေးပိုတောတာ။ ဒီကြားထဲ ကိုယ်ဆီကသူငယ်ချင်းတွေကလည်း Forward Mail နဲ့တစ်ဖုံ၊
သူတို့မှတ်ပုံတင်တဲ့ဆိုဒ်တွေကလည်း သူ့ သူငယ်ချင်း တွေဖိတ်ပေးပါဆိုပီးရောက်လာတွေကလည်းရှိသေးတယ်။
Mail တွေကိုစစ်ထုတ်ပစ်ဖို Gmail မှာ Filter ဆိုတာပါပါတယ်။ သူကိုအသုံးပြုပီး ၀င်လာသမျှကိုယ်မလိုချင်တဲ့မေးလ်တွေကိုပိတ်ထားရတယ် အယ် ဒါတွင်မဟုတ်သေးဘူး။
ကျန်တာတွေလည်းလုပ်လိုရသေးတယ်။
----------------------------------------------------------------------------
အရင်ဆုံးတောပိတ်ချင်တယ်မေးလိပ်စာသိအောင်လုပ်ထားလိုတ်မယ်။inbox ထဲက မေးပို့သူတွေရဲ့နာမည်ပေါ်ကိုMouse ကလေးနဲထောက်ကြည်လိုတ်တွေရပါ မေးလိပ်စာကို။
-----------------------------------------------------------------------------
Search mail ဆိုတဲ့ဘေးမှာ Create a fliter ဆိုတာလေးရှိပါတယ် နှိပ်လိုတ်ပါ။

l
From နေရာမှာ ကိုယ်ပိတ်ပစ်မဲ့မေးလိ လိပ်စာကိုရေးပါ။ပီးရင်Next step နဲ့နောက်တဆင့်ကိုသွားပါ။


ဒီအဆင်မှာတော , mark as read,star it…. စတာတွေပေါ့ ကိုယ်လုပ်ဆောင်စေချင်တဲအတိုင်း
အမှန်ခြစ်လေးသာပေးလိုတ်။ဒီမှာကမလိုချင်လို ဖျက်ပစ်မှာမို့ Delete it ကိုအမှန်ခြစ်လေးပေးထားလိုတ်တာ။
Skip the Inbox (Archive it)
Mark as read
Star it
Apply the labeladdresses
Delete it
Never send it to Spam
Always mark it as important
Never mark it as important

ပီးရင်တော Create a filter နှိပ်လိုတ်ပါတော့ အဲပိတ်ထားတဲမေးတောရောက်လာတောမှ မဟုတ်ဘူး။


============ ^^^^^^=================

Apply the lable ကတော့ဝင်လာတဲ့မေးလ်ကို inbox ထဲကိုတန်းမရောက်စေပဲ Lable ခွဲထားတဲ့နေရာကိုတန်းရောက်သွားအောင် ရွေးပေးလိုရတယ်။
Never send it to Spam ကတောအဲလိပ်စာနဲ့လာတဲမေးမှန်သမျှ Spam ထဲကိုမရောက်တော့ဘူးပေါ့
Always mark it to important နှင့် Never mark it import ကတော ကိုယ်အရေးကြီးတဲ့အနေနဲ့မှတ်ထားမယ်မမှတ်ထားဘူးဆိုတာပါ ပဲ။

Using filters

မြန်မာမိသားစုဖိုရမ်(မျိုးဟန်ထက်)
www.myohanhtet19.co.cc