Tuesday, 6 September 2011

Creating Portable Softwares

Creating Portable Softwares


ဘာတွေလိုမလဲဆိုတော့ VMware, XP installation ISO image, Thinstall နဲ့ portable လုပ်မယ့် software ပါ။ Thinstall ရဲ့ အလုပ်လုပ်ပုံကတော့ Pre-installation Scan မှာ portable လုပ်မယ့် software ကို install မလုပ်ခင်ထိ Computer မှာ ရှိနေတဲ့ File တွေနဲ့ Registry ကို Scan လုပ်ပြီး Snapshot တစ်ခုအဖြစ် Save လုပ်ပါတယ်။ Pre Scan ပြီးရင်တော့ portable လုပ်မယ့် Software ကို install လုပ်ရပါမယ်။ (Crack လုပ်ဖို့လိုရင် တခါထဲလုပ်ရပါမယ်) Software install ပြီးရင် Post-installaton Scan လုပ်ရပါမယ်။ Post Scan ပြီးရင် Thinsatll ဟာ Pre-scan snapshot နဲ့ Post-Scan snapshot ကို နှိုင်းယှဉ်ပြီး အသစ်တိုးလာတဲ့ (install လုပ်လိုက်တဲ့ software ရဲ့) file, registry setting တွေကို Save လုပ်ပါမယ်။ အဲ့ဒီ့ Save လုပ်တဲ့ Folder ထဲမှာ Build လုပ်ပေးမယ့် Batch file ရယ်၊ ဘယ်လို Build လုပ်မလဲစတဲ့ configration setting တွေပါတဲ့ INI file ရယ်ကိုပါ create လုပ်သွားပါတယ်။ INI file မှာ ကိုယ်လိုချင်တဲ့ configuration အတိုင်းပြင်ရေးပြီးတော့ Build batch file ကို run လိုက်ရုံပါပဲ။
Thinstall နဲ့ portable လုပ်တော့မယ်ဆိုရင်၊ OS ဟာ Clean install ဖြစ်နေသင့်ပါတယ်။ Clean install ဆိုတာ OS ကို install လုပ်ပြီးပြီးချင်း အခြေအနေကိုပြောတာပါ။ Software, Driver တွေ install မလုပ်ရသေးခင် OS သက်သက်ကိုပြောတာပါ။ ဘာလို့ Clean install သုံသင့်လဲဆိုတော့ Clean install မဟုတ်ရင် Software, Driver file တွေ၊ အဲ့ဒါတွေရဲ့ registry setting ကိုပါ Scan လုပ်နေရလို့ အချိန်ပိုကြာပါတယ်။ Clean install ကို သုံးမယ်ဆိုတော့လဲ Software တစ်ခုလုပ်ပြီးသွားရင် Clean install မဟုတ်တော့တာမို့ Clean install အခြေအနေရောက်အောင် ပြန် Format လုပ်ပြီး install လုပ်ရတာ Hard Disk နာပြီး အချိန်လဲကုန်ပါတယ်။ အဲ ပြသနာကိုတော့ VMware က ဖြေရှင်းပေးပါမယ်။ VMware မှာ Virtual Guest OS တွေ install လုပ်ထားပြီး ကိုယ်ကြိုက်တဲ့ State ကို Snapshot ဖမ်းထားလို့ရပါတယ်။ Portable တစ်ခုလုပ်ပြီးတိုင်း Snapshot ကိုပြန်သွားပြီး Clean install state ကိုပြန်ယူနိုင်ပါတယ်။
VMware မှာ Virtual OS တစ်ခု run နိုင်ဖို့ဆိုရင်တော့…
  • Hard Disk မှာ 10 GB လောက် free space ရှိရပါမယ်။
  • Memory (RAM) 1 GB လောက် ရှိဖို့လည်းလိုပါတယ်။
XP installation CD ISO image မရှိရင် PowerISO နဲ့ လုပ်လို့ရပါတယ်။
ကဲ… VMware မှာ XP install လုပ်ဖို့ configuration step တွေကြည့်ရအောင်..
Virtual machine ကို Start လုပ်ပြီးသွားရင် XP installation step ကို ရောက်သွားပါမယ်။ ဆက်ပြီး install လုပ်ပါ။ (Main OS ကို pointer ပြန်ရောက်ချင်ရင် Ctrl + Alt ၊ Guest OS ကို ရောက်ချင်ရင် Ctrl + G) Install ပြီးရင် VMware window မှာ (menu) VM -> Snapshot -> Take Snapshot ၊ Snapshot name မှာ Clean install လို့ ပေးပြီး OK လုပ်ပါ။
CD ရှိရင်တော့ Virtual machine ရဲ့ CD-ROM properties မှာ Use Physical Drive ကိုရွေးပြီး install လုပ်လိုက်ရုံပါပဲ။ CD မရှိဘူး၊ Hard Disk ထဲမှာပဲ Thinstall setup folder ရှိတယ်ဆိုရင်တော့ Share ပေးပြီး install လုပ်ရုံပါပဲ။ Share ပေးဖို့ Network Configuration လုပ်ရပါမယ်။ Virtual Machine မှာ ပြသနာမရှိပေမယ့်၊ Main OS မှာ Network Card မပါရင်၊ ပါရင်လဲ Cable plug လုပ်မထားရင် IP Address ပေးလို့မရပါဘူး။ အဲလိုဖြစ်နေရင် Microsoft Loopback Adapter ကို install လုပ်ရပါမယ်။ Step တွေကြည့်ရအောင်…
ပြီးရင် Main OS ကို IP address ပေးရပါမယ်။ အောက်မှာကြည့်ပါ။
Guest OS ကိုတော့ အောက်ကပုံအတိုင်း Configure လုပ်ပါ။
Network connection ရ မရ စမ်းပါမယ်။ Guest OS မှာ WinKey + R ကိုနှိပ်ပြီး Run Dialog ကို ခေါ်ပါ။ အောက်ကအတိုင်း ရိုက်ထည့်ပြီး Enter နှိပ်ပါ။
Connection ရရင် အောက်ကပုံအတိုင်း Reply from …… ဆိုပြီးပြပါလိမ့်မယ်။
ကဲ… Thinstall ရှိတဲ့ Folder ကို Share ပေးပါမယ်။
Share လုပ်ပြီးသွားရင် Folder icon ရဲ့အောက်မှာ လက်ပုံလေးပေါ်လာပါမယ်။
Main OS က Share ကို Guest OS ကနေ လှမ်းခေါ်ပါမယ်။ Guest OS မှာ Run Dialog ကိုခေါ်ပြီး အောက်ပုံအတိုင်း ရိုက်ထည့်ပြီး Enter နှိပ်ပါ။
Share Folder ထဲက Thinstall setup folder ကို copy ယူပြီး Guest OS ရဲ့ Dirve C: ထဲမှာ Paste လုပ်ပါ။ portable လုပ်မယ့် Software တွေကိုလည်း Share folder ထဲ ထည့်ပြီး Guest OS ထဲကို Copy လုပ်ထားပါ။
Thinstall ကို install လုပ်ပါမယ်။
Installer folder ထဲက Setup file ကို run ပြီး default setting အတိုင်း install လုပ်ပါ။
Unpack folder ထဲက file တွေကို copy ယူပြီး Thinstall installation folder (C:\Program Files\Thinstall.VS\) ထဲမှာ paste လုပ်ပါ။ Replace all လုပ်ပါ။
Patch folder ထဲက file တွေကိုလည်း အဲ့တိုင်းဆက်လုပ်ပါ။
ပြီးရင် Setup Capture ကို run ပါ။
Pre-installation scan step ကိုရောက်လာပါပြီ။ Start ကို Click ပါ။ Default setting အတိုင်းထားပြီး Pre-install Scan ၊ ပြီးရင် အောက်ကပုံအတိုင်း ပေါ်လာပါမယ်။
Thinstall windows ကို ဒီတိုင်းထားပြီး portable လုပ်မယ့် software ကို install လုပ်ရပါမယ်။ ဒီ example မှာ တော့ Spyware Process Detector ကို လုပ်ပြပါမယ်။
SPD ကို default setting အတိုင်း install လုပ်ပါ။ နောက်ဆုံး step မှာ Launch Spyware Process Detector checkbox ကို ဖြုတ်ခဲ့ပါ။
Fix folder ထဲက exe file ကို copy ယူပြီး SPD install folder (C:\Program Files\Spyware Process Detector\) ထဲမှာ Paste လုပ်ပြီး Replace လုပ်ပါ။
ပြီးရင် Thinstall မှာ Post-Install Scan ဆက်လုပ်ပါ။
Default setting တွေအတိုင်း ဆက်လုပ်ပါ။
ပြီးရင် Thinstall install folder ထဲက Captures folder ထဲကိုဝင်ပါ။ SPD folder ထဲကိုဆက်ဝင်ပါ။
Package.ini file ကို ဖွင့်ပြီး အောက်ကအတိုင်းပြင်ပြီး Save လုပ်ပါ။ (မပြင်ဘဲထားလဲ ရပါတယ်။ ပြင်ရင် file size ပိုသေးပါတယ်။)
ပြီးရင် Build.bat ကို run ပါ။ Output အနေနဲ့ Bin folder ထွက်လာပါမယ်။
Bin folder က Exe file က SPD ရဲ့ Portable Version ပါ။
အဲ့ file ကို Main OS ကို ပြန်ပို့၊ CD burn ပြီးတော့ပဲဖြစ်ဖြစ်၊ USB drive ထဲထည့်ပြီးတော့ပဲ ဖြစ်ဖြစ် သုံးပေတော့။ (“Service start or Service open” error တက်ပါလိမ့်မယ်။ ပြသနာမရှိပါ)
မှတ်ချက်
တချို့ Software တွေဟာ Machine ID ပေါ်မှာမူတည်ပြီး Serial No. ၊ Activation Code တွေပြောင်းလဲမှုရှိပါတယ်။ များသောအားဖြင့် Keygen နဲ့ Crack လုပ်ရတဲ့ software ဖြစ်ပါတယ်။ e.g: Photoshop CS2။ အဲလို Software တွေဆိုရင်တော့ Thinstall နဲ့ အဆင်မပြေပါဘူး။ အကောင်းဆုံးကတော့ Pre-Crack version ( exe, dll, etc… file တွေ replace လုပ်ရတာမျိုး) တွေ၊ Serial အသေတွေ (e.g: Office) ပါပဲ။

တစ်ခြားနည်းလမ်းတွေလဲ ရှိကောင်းရှိပါလိမ့်မယ်။ လောလောဆယ် ကျွန်တော့မှာ Internet connection မရှိလို့ ရှာချိန်မရပါဘူး။ နောက် ဒီ့ထက်ကောင်းတဲ့၊ လွယ်တဲ့နည်းတွေ့ရင်လည်း ထပ်ရေးပါဦးမယ်။

No comments:

Post a Comment