Tuesday, 6 September 2011

Internet Explorer( IE) မှာ မြန်မာဖေါင့် မပေါ်ရင်

ternet Explorer( IE) မှာ မြန်မာဖေါင့် မပေါ်ရင်


 သူငယ်ချင်းကိုစောနောင်တောင်းဆိုထားလို့ ဒီပိုစ့်လေးကို တင်ပေးလိုက်ပါတယ်...တင်တာနောက်ကျတဲ့အတွက် ခွင့်လွတ်ပါခင်ဗျား...
ကျနော် ဒိပိုစ့်ကို တင်တဲ့အချိန်မှာ ကိုစောနောင် ဒီပိုစ့်ရဲ့အကြောင်းလေးကို သိနေလောက်ပြီထင်ပါတယ်...ဒါပေမဲ့ မသိသေးတဲ့
ညီအကို မောင်နှမ များအတွက် ရည်ရွယ်ပြီးတင်ပေးလိုက်ပါတယ်..သိပြီးသား သူငယ်ချင်းတွေကတော့ တစ်ခါပြန်ဖတ်ရတော့ မမေ့တော့
ဘူးပေါ့နော်..
    Internet Explorer ( IE) နဲ့ အီးမေးဖွင့်တဲ့ သူငယ်ချင်းတွေအတွက် တစ်ခါတစ်လေ မေးလ်ထဲဝင်တဲ့အခါ မြန်မာဖေါင့် မပေါ်ပဲ လေးထောင့်
တုံးလေးတွေပဲပေါ်နေတာ တွေ့ဖူးပါလိမ့်မယ်..ဒါဆိုရင်အောက်ပါအတိုင်း လိုက်လုပ်ရင် အဆင်ပြေသွားပါလိမ့်မယ်ခင်ဗျား...
 Notepad ကို အရင်ဖွင့်လိုက်ပါ...အထဲမှာ

 body

{

font-family: Zawgyi-one;

}

input,select,textarea

{

font-family: Zawgyi-one

}

စာလုံးအစိမ်းလေးနဲ့ရေးထားတာတွေကို Notepad ထဲ ကော်ပီကူးထဲ့လိုက်ပါ...
 ပြီးရင် Save နှိပ်ပါ။ File Name မှာ ie.css လို့ရိုက်ပြီး local diskC:မှာSave လုပ်လိုက်ပါ။ပြီးရင်internet explorer ကိုဖွင့်ပါ။ Menu Bar က Tool ကိုနှိပ်ပါ။ Internet Options ကိုထပ်နှိပ်ပါ။ Accessibility ကိုထပ်နှိပ်ပါ။ Accessibility Box လေးပေါ်လာပါပြီ။ အဲဒီထဲက Formattingရဲ့အောက်အလယ်စာကြောင်းဖြစ်သည့် Ignore font styles Specified on Webpages ဆိုတာလေးရဲ့ဘေးမှာ အမှတ်မခြစ်ရသေးရင် ခြစ်ပေးလိုက်ပါ။ ပြီးရင်အောက်က Format Documents Using My Style Sheet မှာအမှတ်လေးထပ်ခြစ်ပေးပြီး၊ သူ့ဘေးက Browse ကိုနှိပ်ပါ။ ခုနကသိမ်းလိုက်တဲ့ Local Disk (C)အောက်က ie.css လေးကိုရွှေးပြီး ok နှိပ်လိုက်ပါ။ Apply =>OK နှိပ်ပြီးရင် ဇော်ဂျီနဲ့ရေးထားသမျှ အကုန်ဖတ်လို့ရပါပြီ။ ဒီလိုလုပ်လိုက်လို့ တခြားဖောင့်တွေနဲ့ရေးထာတာတွေ ဖတ်မရရင်လည်းပြသနာ မရှိပါဘူး။အပေါ်ကရေးထားသည့်အတိုင်း Accessibility Box ကိုသွားပါ။ အလယ်က Ignore Font Styles Specified On Webpages ဆိုသည့်စာကြောင်းကို Uncheck လုပ်လိုက်ရင် ပြန်ဖတ်လို့ရပါပြီ။ ဇော်ဂျီယူနီကုတ်တင်ထားပြီး တခြားဖောင့်တွေ ဖတ်မရဘူးဆိုရင်လည်း ဒီလိုလိုက်လုပ်ပေးလိုက်ပါ။ဖတ်လို့ရပါတယ်။

             အားလုံးအဆင်ပြေကြပါစေခင်ဗျား....
                                                                                                         အားလုံးကိုခင်မင်လေးစားလျှက်ပါ...

No comments:

Post a Comment