ကြည့်ရှုနိုင်ပါတယ်...မှာ လင့်ခ်က ပြုတ်နေပါတယ်။ ကြည့်ရုံတင်မကဘူး
တစ်ခါတည်း ဒေါင်းနိုင်အောင် ကူညီပေးနိုင်ရင်တော့ကျေးဇူးပါ ခင်ဗျာ။
On Jul 27, 4:31 pm, Thiri Yadanar Soe
<thiri.yadanarsoe.thir...@
> လွန်ခဲ့တဲ့ နှစ်အနည်းငယ် အတွင်း ကမ္ဘာတစ်ဝှမ်းလုံးမှာ အင်တာနက် သုံးစွဲမှုနှုန်း
> ရုတ်တရက် မြင့်တက်လာတဲ့ နည်းတူပဲ အွန်လိုင်းကနေ တဆင့် အချက်အလက် ခိုးယူမှု၊
> ဘဏ်အကောင့် နံပါတ်ခိုးယူ သုံးစွဲမှု၊ စတဲ့ ဆိုက်ဘာ ဒုစရိုက်မှုတွေလည်း တပြေးညီ
> မြင့်တက် လာခဲ့ပါတယ်။
>
> ဒီနေ့ခေတ်ရဲ့ အင်တာနက်သုံးစွဲသူအားလုံးရဲ့ 91% ဟာအွန်လိုင်း အန္တရာယ်တွေရဲ့
> ခြိမ်းခြောက်ခံနေရပြီး ဘယ်ကိုကာကွယ်ရမလဲဆိုတာလဲ မသိကြရပါဘူး။ ဒါကြောင့်
> ကိုယ့်ရဲ့ Online Security အတွက် လုံခြုံ စိတ်ချရအောင် ကာကွယ်ပေးနိုင်တဲ့ အချက်
>
> (၁၀) ချက်ကို အောက်မှာ ဖော်ပြပေးလိုက် ပါတယ်။
>
> *နံပါတ် (၁)*
>
> သင့်ကွန်ပျူတာမှာ ကောင်းမွန်တဲ့ Antivirus နဲ့ Anti-spyware တွေ Install
> လုပ်ထားဖို့လိုအပ်ပြီး အမြဲ Up-to-date ဖြစ်နေအောင် ပြုလုပ်ထားသင့်ပါတယ်။
> Recommended ပေးထားတဲ့ Anti-spyware တွေကို ဒီလင့်ခ်မှာ ကြည့်ရှုနိုင်ပါတယ်။
>
> *နံပါတ်(၂)*
>
> ကိုယ်ကိုယ်တိုင် သိတဲ့၊ သုံးနေကျဖြစ်တဲ့၊ ယုံကြည်ရတဲ့ website တွေကိုသာ
> ၀င်ရောက်ကြည့်ရှုသင့်ပါတယ်။ တကယ်လို့ သင်မသိတဲ့ တစ်ခါမှ မသုံးဘူးတဲ့ website
> တစ်ခုကို ၀င်ကြည့်မယ်ဆိုရင်တော့ ကြော်ငြာ(Ad) တွေ၊ ခေါင်းစည်း(Banner) တွေကို
> Click မနှိပ်မိဖို့ သတိထားပါ။
>
> *နံပါတ်(၃)*
>
> Email ကတဆင့် ရောက်ရှိလာတဲ့ Attachment File တွေကို Download မယူခင်ရော ယူပြီး
> မ Run ခင်မှာပါ Virus Scan စစ်ဆေးပါ။
>
> *နံပါတ်(၄)*
>
> သင့်ရဲ့ Operating System နဲ့ Browser တို့ကို ပုံမှန် Update ပြုလုပ်ပေးပါ။
> ပိုကောင်းတဲ့ လုံခြုံရေးအတွက်ဆိုရင် အင်တာနက်သုံးစွဲတဲ့အခါ ကိုယ်သုံးတဲ့
> Browser ရဲ့ နောက်ဆုံးထုတ် Version ကိုအသုံးပြုပြီး သုံးစွဲသင့်ပါတယ်။
>
> *နံပါတ်(၅)*
>
> သင့်ရဲ့ Password ( Email, Bank Account ) တွေကို ဘယ်သူ တစ်ဦးတစ်ယောက်နဲ့မှ
> ဘယ်လို အကြောင်းပြချက် အတွက်ဖြစ်စေ Share မသုံးမိပါစေနဲ့။ Password
> ရွေးချယ်တဲ့အခါမှာလဲ Strong ဖြစ်အောင်ရွေးပါ။ Password တစ်ခုရွေးတဲ့အခါ
>
> *
>
> 1. Capital Letters
>
> 2. Small Letters
>
> 3. Symbols
> 4. Numbers*
>
> အထက်ပါ (၄) ခုအနက် (၃) ခု ပါဝင်သင့်ပါတယ်။ Password ကိုလဲ (၃) လတစ်ကြိမ်လောက်
> အသစ်ပြောင်းသင့်ပါတယ်။ ပြီးတော့ အလွယ်တကူ ခန့်မှန်းနိုင်တဲ့ Password မျိုးတွေ
> မပေးသင့်ပါဘူး။ ဥပမာပြောရရင်- ဖုန်းနံပါတ်၊ ချစ်သူရည်းစားအမည်၊ စသည်ပေါ့။
>
> *နံပါတ်(၆)*
>
> Website တစ်ခု ဖွင့်မယ်ဆိုရင် Browser Address Bar ပေါ်မှာ URL ကို
> အပြည့်အစုံရိုက်ပါ။ ဥပမာ သင်က Gmail ကိုဝင်မယ်ဆိုရင်
> *http://mail.google.com/*လ<htt
>
> *http://* ပါ ပါအောင် ရိုက်ပါ။
>
> *နံပါတ်(၇)*
>
> Login Page တစ်ခုမှာ Password ရိုက်ထည့်တော့မယ်ဆိုရင် အပေါ်က Address မှာ
> *http*အစား
> *https* လို့ ပြောင်းနေလား သေချာအောင်ကြည့်ပါ။ *Https* ဟာ *SSL ( Secure
> Sockets Layer)* ဖြစ်ပြီး *Http* ထက် ပိုပြီး Security ကောင်းပါတယ်။
>
> *နံပါတ်(၈)*
>
> *Phishing Emails* ( မေးလ်အတုများ ) ကိုသတိထားပါ။ သင့်ထံရောက်လာတဲ့ မေးလ်တွေထဲက
>
> ဥပမာ- ဒီလင့်ခ်ကို နှိပ်ပြီး Account Settings ကို ပြောင်းရန်
> အစရှိသည်အားဖြင့်ဖော်ပြထားတဲ့ မေးလ်တွေက Link တွေကိုမနှိပ်မိပါစေနဲ့။
> သင့်ကို *Spoofed
> Pages* ( Page အတု )တွေဆီကို ခေါ်သွားပြီး Login ၀င်ခိုင်းနိုင်လို့ပါ။ Phishing
>
> နဲ့ Spoofed အကြောင်း နောက်ပိုင်းမှာ အကျယ်ရှင်းပြပါ့မယ်။
>
> *နံပါတ်(၉)*
>
> အသုံးပြုပြီးတဲ့အခါ အမြဲတမ်း Logout ထွက်ပါ။ Logout ထွက်ရုံတင်မက Browser ရဲ့
> Cache နဲ့ History တွေကို ရှင်းပေးပါ။ ( Mozilla Firefox မှာဆိုရင် *Tools* ထဲက
>
> *Clear Private Data* ကိုနှိပ်ပြီး အမှန်အားလုံးခြစ်၊ Clear လုပ်ပေးပါ )
>
> *နံပါတ်(၁၀)*
>
> Internet Cafe တွေက Public Computers တွေမှာ Bank အကောင့်လို အရေးကြီးတဲ့
> အချက်အလက်မျိုးတွေ မသုံးစွဲပါနဲ့။ သုံးရမယ်ဆိုရင်လဲ Spyware, keystroke-logger,
>
> password-sniffer တွေလိုမျိုး Software တွေ အဲဒီ Computer တွေမှာ Install
> လုပ်ထားမထား သေချာအောင်လုပ်ပါ။
> အထက်ပါအချက် (၁၀) ချက်ကိုလိုက်နာခြင်းဖြင့် သင့်အတွက် ဆိုက်ဘာအန္တရာယ်မှ 90%
> ကာကွယ် ပေးနိုင်ပါလိမ့်မယ်။ ဆိုက်ဘာ တိုက်ခိုက်ခံရမှု အန္တရာယ်မှ ကင်းဝေးကြပါစေ။
--
မှော်ဆရာအဖွဲ့
No comments:
Post a Comment