Tuesday, 6 September 2011

XP တွင် Software Install ပြုလုပ်မရခြင်းအတွက်

ကွန်ပျူတာတွင် Windows XP အသုံးပြုသူများအနေဖြင့် Software အသစ်များကို Install ပြုလုပ်ရာတွင်
Error Message များမြင်တွေ့ရပြီး..Install ပြုလုပ်မရခြင်းများကြုံတွေ့ရတတ်ပါသည်။ ထို့သို့ကြုံတွေ့ရပါ
က အောက်ဖော်ပြပါအတိုင်းဖြေရှင်းနိုင်ပါသည်။
Start>>Run Box တွင် Regedit လို့ရိုက်ထည့်ပါ။ ပြီးရင် အိုကေနှိပ်ပါ။
HKEY_LOCAL_MACHINE သို့ဝင်ရောက်ပြီး Software>>Policies>>Microsoft>>Windows>>Installer သို့ဝင်ရောက်ပေးရပါမည်။
၎င်းတွင် DisableMSI ကို နှစ်ချက်ကလစ်ပြီး Value တန်ဖိုးကို 0 ဟုပေးပြီး OK ပေးရပါမည်။ထို့နောက်
Registry Editor မှ ပြန်ထွက်ကာ ကွန်ပျူတာကို Restart ချလိုက်ပြီးလျှင် ဘယ် Software ကိုမဆို အောင်မြင်
စွာ Install ပြန်လည်ပြုလုပ်နိုင်မည်ဖြစ်ပါသည်။အဆင်ပြေကြပါစေ။

No comments:

Post a Comment