Wednesday, 31 August 2011

You Tube အကြောင်း စိတ်ဝင်စား စရာ


You Tube အကြောင်း စိတ်ဝင်စား စရာ


Y

၁။ထိုအွန်လိုင်း စာမျက်နှာကို ဖန်တီး ခဲ့သူ သုံးယောက်စလုံးသည် ထိုစဉ်အချိန်က Pay Pal (အွန်လိုင်း ငွေကြေးစီးပွားရေး လုပ်ငန်း) တွင်လုပ်ကိုင်နေကြပါသည်။
၂။ထိုအွန်လိုင်း စာမျာက် နှာ You Tube ကို ချစ်သူများနေ့ တွင် မှတ်ပုံတင်ခဲ့ပါသည်။ (Valentine's Day , Feb : 14 , 2005 )
၃။အသင်းဝင် မှတ်ပုံတင်ထားသော အသုံးပြု ခုနှစ်ဆယ် ရာခိုင်နှုန်း သည် အမေရိက မှ ဖြစ်ပြီးတော့ ကျန်ရှိသည် တစ်ဝက် ကျော်ကျော် သည် အသက်နှစ်ဆယ်အောက် ဆယ်ကျော်သက်များဖြစ်ပါတယ်။
၎။ထိုအွန်လိုင်းစာမျက်နှာ သာ (Hollywood) ရုပ်ရှင်ထုတ်လုပ်ရေးဖြစ်ခဲ့မည်ဆိုပါလျှင် ၄င်းတို့တွင် အပတ်တိုင်း ဇတ်ကား အသစ် ၆၀,000 ထုတ်လုပ်ရန် လုံလောက် တဲ့ ကုန်ကြမ်း အပြည့်အ၀ ရှိပါတယ်တဲ့ ခင်ဗျာ။
၅။NBC,ABC,CBS တို့မှာထက် You Tube တွင် ဗီဒီယို ရုပ်သံဖိုင်များ ဖော်ပြမူ က ပိုမိုများပြားခဲ့ပါတယ်တဲ့ ခင်ဗျာ။
၆။You Tube စုစုပေါင်း အသုံးပြုမူ ပမာဏ ဟာ လွန်ခဲ့တဲ့ ၂၀၀၀ ခုနှစ် Internet အသုံးပြုမူ စုစုပေါင်း ပမာဏ လောက်နဲသွားတော့ ညီနေပါတယ် တဲ့
၇။ထိုစာမျက်နှာပေါ်ရှိ ဗီဒီယို ရုပ်သံဖိုင်တွေ ကို အားလုံး ပြီးဆုံးအောင် ကြည့်ဖို့ဆိုရင် အချိန်နှစ်ပေါင်း တစ်ထောင် လောက်ယူရပါလိမ့်တဲ့ ခင်ဗျာ။ဒါတောင် မှ အဲ့နောက်ပိုင်း နေ့တိုင်း နေ့ တိုင် ဗီဒီယိုဖိုင် သန်းနဲ့ချီပြီးတော့ ဆက်လက် ဝေမျှ တင်ပြမူများရှိနေဦးမှဖြစ်သည့်အတွက်
၈။မျှဝေတင်ပြ သည့် ဗီဒီယို ရုပ်သံ ဖိုင် အများ တွင် လူကြိုက်အများဆုံး အမျိုးအစား (Category , Tag ) မှာ သီချင်း (Music) ဖြစ်ပါတယ် တဲ့ ခင်ဗျာ။
၉။အမေရိက အသုံးပြု များ မျှဝေ တင်ပြတဲ့ ဗီဒီယို ရုပ်သံများကို ကြည့်ရှု မူ အများဆုံးမှာ ကနေဒါ နဲ့ အမေရိက မှ ဖြစ်ပြီးတော့ အဲ့နောက်က ဂျပန် က ဒုတိယ နေရာတွင် တည်ရှိနေပါတယ်
၁၀။ထိုအွန်လိုင်း စာမျက်နှာတွင် ပထမ ဦးဆုံးမျှဝေ တင်ပြခဲ့တဲ့ ဗီဒီယို ရုပ်သံဖိုင်မှာ တိရစ္ဆာန် ဥယျာဉ် မှ ကျနော် ( Me at Zoo) ဆိုသော တစ်ဆယ်ရှစ် စက္ကန့် ခန့် ကြာသော ဗီဒီယို ဖိုင်လေးဖြစ်ပါတယ်။ ၂၀၀၅ ခုနှစ် ဧပရယ် လ ၂၃ ရက်နေ့ စနေ နေ့ ညနေပိုင်း ၈နာရီ ၂၇ မိနစ်  မှာ စတင် တည်တောင်ဖန်တီးသူ တစ်ဦးဖြစ်သည့် (Jawed Karim) က အသုံးပြုသူ အသင်းဝင် နာမည် (Jawed) ဖြင့် မျှဝေ တင်ပြခဲ့ပါ သည်။ထို ရုပ်သံ ဖိုင်ကို ရာကော့လက်ဗီစကီး (Yakov Lapitsky) က ဆင်တွေရဲ့ နှာမောင်း အရှည်ကြီးတွေဟာ ဘယ်လောက် တကယ်ကို စိတ်ဝင်စားဖို့ ကောင်းတယ်ဆိုတဲ့ အကြောင်း ကို ပြောပြနေတဲ့ (Jawed Karim) ကို  San Diego တိရစ္ဆာန် ဥယျာဉ်တွင် ရိုက်ကူးမှတ်တမ်း တင်ခဲ့ပါသည်။

No comments:

Post a Comment