Showing posts with label Google Plus. Show all posts
Showing posts with label Google Plus. Show all posts

Friday, 13 January 2012

Google+ အကြောင်းမသိသေးတဲ့ သူငယ်ချင်းတွေအတွက်ပါ

ညချစ်သူ

Google+ အကြောင်းမသိသေးတဲ့ သူငယ်ချင်းတွေအတွက်ပါ

အခုတလောကျွန်တော် social website အသစ်တစ်ခုဖြစ်တဲ့ Google+ ကိုတော်တော်လေးသုံးရတာအကြိုက်
တွေ့နေပါတယ်။ ကျွန်တော်တို့မြန်မာလူမျိုးအများစုက Gmail နဲ့မစိမ်းကြပါဘူး။

ဒါပေမယ့် Google+ နဲ့တော့တော်တော်လေးမရင်းနှီးကြဘူးလို့ထင်မိတယ်။
 
သိပြီးသားသူတွေကတော့ ကျော်သွားကြပေါ့။ မသိသေးတဲ့သူတွေကတော့ စိတ်ရှည်ရှည်နဲ့ဖော်စား အဲလေ
 
ဆက်ပြီးဖက်ကြည့်ကြပေါ့နော် အားလုံးအတွက် ကောင်းကွက်လေးတွေရှိလို့မျှဝေပေးတာပါ။
 
ဆရာကြီးလုပ်တယ်လို့တော့မထင်ပါနဲ့ဗျာ။ 
 
 
 
Google+ ဆိုတာဘာလဲ??? 
 
google+ ဆိုတာက အားလုံးသိကြတဲ့ နာမည်ကြီး google.com ရဲ့ social networking service တစ်ခုဖြစ်ပါတယ်။
 
ဒီထက်နဲနဲပိုခက်အောင်ပြောရရင် Google+ ဆိုတာ Facebook,Twitter,VZO(skype),Gtalk အဲ့ဒါတွေအားလုံးကို
 
ပေါင်းစည်းထားတဲ့ website တစ်ခုပေါ့။ ရှုပ်သွားပြီလားမသိဘူး။ မရှုပ်ပါနဲ့အုံး လွယ်လွယ်လေးပါ။ ဒီလိုမှတ်ထား
 
လိုက် Facebook အငယ်စားလေးပေါ့။ 
 
တကယ်ပဲ Facebook အငယ်စားလေးလား?? Facebook Killer လား???
 
G+ မှာ FB နဲ့လုံးဝနီးပါးချွတ်စွတ်တူနေတဲ့နေရာတွေရှိနေပါတယ်။ ဒါပေမယ့် FB အတု ဒါမှမဟုတ် FB ကို copy
 
လုပ်ထားတာဆိုပြီးကမ္ဘာပေါ်ကဘယ် user ကမှအထင်မသေးရဲခဲ့ပါဘူး။ ဘာလို့လဲဆိုတော့ FB ဆီက copy လုပ်
 
ထားတယ်ဆိုတာထက် FB တောင်နောက်ကောက်ကြသွားနိုင်တဲ့ အားသာချက်တွေများစွာနဲ့ users တွေဆီကို feature
 
အသစ်တွေနဲ့ ဝင်ရောက်လာခဲ့တာပါ။ အခုဆို feature အသစ်အသစ်တွေဆက်တိုက်ထွက်လာပြီး ဟိုတလောက FB ပိတ်
 
တော့မယ်ဆိုတဲ့ သီတင်းတကယ်မှန်သွားစေနိုင်လောက်အောင် လျှင်လျှင်မြန်မြန်နဲ့အောင်မြင်လာခဲ့ပါတယ်။ 
 
 
 
Google+ ဆိုပြီးတရားဝင်မလွှင့်တင်ခင်အထိ Google+ Project ဆိုပြီး Google company က၀န်ထမ်းတွေကိုစပြီး
 
အသုံးပြုခွင့်ပေးခဲ့ပါတယ်။ အဲ့ဒီ Trial ကာလအတွင်းကတော့ G+ ကိုလက်ရှိအသုံးပြုနေတဲ့သူတွေက invite လုပ်ပေး
 
မှ အကောင့်မရှိသေးတဲ့သူတွေအသုံးပြုခွင့်ရတဲ့ကာလပါ။ အံ့သြစရာကောင်းလောက်အောင်ပါပဲ Trial ကာလ
 
(June 28, 2011 until September 20,2011) ၄လ အတွင်းမှာ အသုံးပြုသူဦးရေ သန်း ၅၀ ကျော်တဲ့ အထိ
 
အောင်မြင်ခဲ့ပါတယ်။ အတိအကျပြောရရင်တော့ Trial စလွှင့်တင်ပြီး ၂ပတ် အတွင်းမှာတင် အသုံးပြုသူ ၁၀ သန်း၊
 
၁လ အတွင်း ၂၅သန်း(ဒါတောင်တရုတ်မှာ Block လုပ်ထားခဲ့လို့) အထိအောင်မြင်ခဲ့ပါတယ်။ ထက်ပြီးအတိအကျပြော
 
ရရင် Facebook စတင်လွှင့်တုန်းက အသုံးပြုသူ ၂သန်း ရရှိဖို့ ၂နှစ် ကြာခဲ့ပါတယ်။ G+ က FB ရဲ့စံချိန်ကိုချိုးပြခဲ့ပါတယ်။
 
 
 
ဘာလို့ G+ အဲ့လောက်အောင်မြင်လာခဲ့တာလဲ???
 
G+  မှာ circle, photo, stream, hangout, game, spark  ဆိုတဲ့ အဓိက features တွေပါရှိပါတယ်။
 
Circles
 
 
 
G+ ကိုအောင်မြင်စေတဲ့အဓိက feature  ပါ။ Circle တွေဘယ်လိုအလုပ်လုပ်လဲကြည့်ရအောင်
 
Google+ ရဲ့ circle တွေက facebook ရဲ့ Add As Friend နဲ့လုံးဝကွာပါတယ်။ G+ မှာ user အတွက်
 
friends,family,acquaintances, following ဆိုတဲ့ circles တွေပါပြီးသားပါ
 
 
သင်လုပ်ရမှာကသင့် gmail account ထဲက သူငယ်ချင်းတွေကို click လိုက်ထောက်ပြီး ရှိနေတဲ့ friends ဆိုတဲ့
 
စက်ဝိုင်းထဲကို drop ချလိုက်ရုံပါပဲ၊ မိသားစုဝင်တွေဆိုရင်တော့ Family ဆိုတဲ့စက်ဝိုင်းထဲကိုပေါ့။
 
Following ဆိုတာက ဥပမာ Britney Spears ဆိုပါတော့ သင်ကသူ့ကို friend circle ထဲထဲ့လို့ရပါတယ်၊
 
သင့်သဘောပါပဲ ဒါပေမယ့် သင်ဟာသူနဲ့တကယ်သူငယ်ချင်းမဟုတ်ပါဘူး။ သူကလဲ သန်းနဲ့ချီတဲ့ friend requests 
 
တွေထဲကသင့်ရဲ့ request ကိုမှရွေးပြီးသူ့ရဲ့သူငယ်ချင်းစက်ဝိုင်းထဲ ထဲ့မှာမဟုတ်ပါဘူး။ အဲ့တော့သူ့ရဲ့ public profile
 
ကိုသင်ဝင်ကြည့်လို့ရမှာမဟုတ်ပါဘူး။ အဲ့တော့သင်သူ့ကို Follow လုပ်လိုက်ပါ။
 
 
သင်ဟာသူ့ရဲ့ ပရိတ်သတ်တစ်ယောက်ဖြစ်သွားပါပြီ။ သူ့ရဲ့ Public sharing တိုင်းကိုသင်မြင်တွေ့နိုင်ပါပြီ။
 
Pages တွေ ဥပမာ မှော်ဆရာgroup ရဲ့ page ဆိုပါတော့ group ထဲကမန်ဘာတွေနဲ့သူငယ်ချင်းဖြစ်လို့ရပေမယ့်
 
group ကြီးနဲ့တော့သူငယ်ချင်းဆိုတာမဖြစ်နိုင်ပါဘူး အဲ့တော့ကျွန်တော်တို့တွေ ဒီ group ကို follow လုပ်ရပါတယ်
 
ဒီသဘောပါ။
 
 
 
Circles တွေရဲ့အသုံးဝင်ပုံ
 
ဘာလို့ဒီလိုစက်ဝိုင်းတွေရှိနေရတာလဲ??? အဖြေရှင်းဖို့အတွက် Facebook နဲ့သတ်သေပြရမှာပါ။
 
ဥပမာဗျာ ကျွန်တော်တက္ကသိုလ်တက်တုန်းက အတန်းတက်ဖို့နေနေသာသာ ကန်တင်းမှာကြီးပဲ ၃နှစ်ကုန်ခဲ့တာ
 
အဲ့အကြောင်းတွေ ကျွန်တော်ပြန်တွေးဖြစ်တော့ တက္ကသိုလ်ကြီးကိုလွမ်းမိတာပေါ့၊ အဲ့လိုနဲ့ကျွန်တော် Facebook 
 
ပေါ်တင်မယ်ဆိုပါတော့။ တင်လိုက်ပါပြီ။ ဖြစ်ချင်တော့ကျွန်တော့်အမေကြီးလဲ FB သုံးတယ်လေ
 
သူကလဲကျွန်တော့်ထဲမှာ family member တစ်ယောက်အနေနဲ့ရှိနေတယ် အဲ့တော့ကျွန်တော်တင်တာကို
 
သူမြင်နေရတာပေါ့။ သူ မဆူရင်တောင်ဘယ်စိတ်ကောင်းပါ့မလဲ။ ဒါပေမယ့်ဗျာ လေတာကလဲလေပြီးသွားပြီ
 
FB ပေါ်တင်ချင်တာလဲအရမ်းပဲ အမေတစ်ယောက်ထဲကိုမတွေ့အောင်ဖန်တီးပြီးတင်လို့ရပေမယ့်
 
ကိုယ့်သူငယ်ချင်းဖြစ်နေတဲ့ အမေ့ရဲ့သူငယ်ချင်းတွေ ရှိနေရင်ဘယ်လိုလုပ်မလဲ။ ဒါဥပမာပဲရှိသေးတာနော်။
 
ကျွန်တော်တို့ဆီမှာလူတိုင်းမသိစေချင်တဲ့ခံစားချက်လေးတွေရှိတာပဲ အဲ့ခံစားချက်လေးတွေအတွက်ထွက်ပေါက်
 
အဖြစ် ကိုယ်သိစေချင်တဲ့သူတွေကိုပဲသိစေလိုတာမျိုးတွေလဲရှိတာပေါ့၊ FB ကဒါမျိုးတွေဖန်တီးမပေးနိုင်ပါဘူး။
 
လူတစ်ယောက်ကိုသင်သူငယ်ချင်းအဖြစ်လက်ခံလိုက်ပြီဆိုရင် သင်တင်သမျှပိုစ်တွေကို သူမြင်ချင် မမြင်ချင်ချင်
 
တွေ့နေရမှာပါပဲ။ 
 
 
G+ ရဲ့circles တွေကအဲ့ပြဿနာကိုလွယ်ကူတဲ့အဖြေနဲ့ရှင်းပေးထားပါတယ်။ circle တွေပါ။
 
ခုနကကျွန်တော့ဥပမာအတိုင်းဆိုရင် ကျွန်တော် G+ ထဲမှာ University Friends ဆိုတဲ့စက်ဝိုင်းဆောက်လိုက်မယ်ဗျာ။
 
ပြီးတက္ကသိုလ်ကသူငယ်ချင်းတွေချည်းပဲထဲ့ထား နောက်ကိုရေးချင်တာရေးပြီး ကိုယ့်ပိုစ်ကိုတွေ့စေချင်တဲ့
 
circles တွေကိုပဲရွေးပြီး share လိုက်။  Public ထဲတင်ချင်ရင် Public ဆိုတာကိုရွေးပြီး share လိုက်။
 
အလွန်လွယ်ကူပြီးသင့်ရဲ့ privacy ကိုလဲမထိခိုက်ပါဘူး။
 
 
 
Circles တွေအကြောင်းကပြောရင်တောင်ကုန်ပါ့မလား  တစ်ခုကျန်သေးတယ် friend တွေအချင်းချင်း
 
the whole circle လုံး share လို့ရသေးသဗျာ။ ကျွန်တော့်ဆီမှာကျွန်တော်လေးစားတဲ့စာရေးဆရာတွေချည်းပဲရှိတဲ့
 
စက်ဝိုင်းရှိတယ်ဗျာ ကျွန်တော့်သူငယ်ချင်းတစ်ယောက်ကအဲ့စာရေးဆရာတွေကို follow လုပ်ချင်တယ် FB ထဲမှာသာ
 
ဆိုရင် ကျွန်တော့် friends တွေဗြောက်သောက်တွေထဲကတစ်ယောက်ချင်းစီကိုလိုက်ပြီး Add ရမှာ စက်ဝိုင်း
 
တွေရှိနေခြင်းကလူတွေကိုသူ့အပိုင်းနဲ့သူစုစည်းထားလို့ရတယ် အခုလိုကျွန်တော့်သူငယ်ချင်းကတောင်းဆိုတာ
 
မျိုးရှိလာပြီဆိုရင် ကျွန်တော်က ကျွန်တော့်ရဲ့ စာရေးဆရာတွေပဲရှိတဲ့ Friend circle ကိုသူငယ်ချင်းဆီ
 
Share ပေးလိုက်ရုံပဲ။ သူလဲအချိန်ကုန်သက်သာတယ် စံနစ်တကျလဲဖြစ်တယ်၊ ဘယ်လောက်ကောင်းလဲ။ 
 
ကဲအခုတော့ Circle တွေအကြောင်းနဲ့ပဲခဏရပ်ထားလိုက်ရအောင်။ 
 
နောက်မှပဲ မေးလ်တစ်စောင်နဲ့ထပ်ရှုပ်တော့မယ်ဗျာ
 
ကျွန်တော့်ကို Google+ ထဲမှာ +chan myat oo ဆိုပြီးတွေ့နိုင်ပါတယ်။
 
circle တွေထဲလဲ add နိုင်ပါတယ်ဗျာ။
 
 
ကြည့်သူဦးရေ: 501

Google Plus အားလေ့လာခြင်း ( ၂ )

ကောင်လေးငယ်



Posted: 24 Aug 2011 01:41 AM PDT

ကျွန်တော်ဟိုနေ့က Google + ကိုအသုံးပြုနိုင်ဖို့အတွက်ဘယ်လိ Register လုပ်ပြီးဝင်ရောက်ရမယ်ဆိုတာကို
ရှင်းပြရင်းနဲ့စတင်မိတ်ဆက်ပေးခဲ့ပြီးပါပြီ..အခုဆိုရင်အားလုံးပဲ Google + မှာမိမိတို့ရဲ့ကိုယ်ပိုင် Profile တစ်ခု
ပိုင်ဆိုင်သွားပြီလို့ ထင်ပါတယ်..ဒီနေ့တော့ကျွန်တော်တို့ Google + ကိုဆက်ပြီးတော့လေ့လာကြည့်ရအောင်
ဗျာ..

Google ဟာသူရဲ့ Project အသစ်ဖြစ်တဲ့ Google Plus ကို Facebook ကိုကျော်လွှားနိုင်ဖို့အတွက်ဆန်းသစ်တဲ့
နည်းပညာတွေကိုပေါင်းစပ်ပြီးပွဲထုတ်ခဲ့တာဖြစ်ပါတယ်..ကျွန်တော်တို့အရင်က Facebook မှာအသုံးပြုကြတဲ့အခါ
မှာတစ်ယောက်နဲ့တစ်ယောက်သူငယ်ချင်းဖြစ်သွားပြီဆိုတာနဲ မိမိနဲ့ပါတ်သတ်တဲ့အကြောင်းအရာတွေကိုမိမိကအရင်;
နှီးဆုံးသူငယ်ချင်းတစ်ယောက်ကိုသာထုတ်ဖော်ပြချင်တာဖြစ်ပေမယ့် အကြောင်းအရာတစ်ခုကို Share လိုက်ပြီ
ဆိုတာနဲ့မိမိသိစေချင်သူရော မသိစေချင်သူများအားလုံးပါ မိမိ Share လိုက်တဲ့အကြောင်းအရာကိုသိရှိသွားမှာ
ဖြစ်ပါတယ်အဲ့ဒီလိုအားနည်းချက်တွေကို Google Plus က Circles ဆိုတဲ့ Feature ကိုအသုံးပြုပြီး ထိမ်းချုပ်ပေး
သွားတာကို တွေ့ရပါတယ်..

Google Plus မှာပါဝင်တဲ့  Circles ဟာကျယ်ပြန်လှတဲ့ Social Network ကြီးထဲမှာ မိမိတို့ခင်မင်ရင်းနှီးတဲ့အုပ်
စုလိုက် Contacts လုပ်ပေးနိုင်တဲ့အတွက် မိမိကဒီအကြောင်းအရာတစ်ခုကို မိမိနဲ့အရင်းနှီးဆုံး မိတ်ဆွေသူ
ငယ်ချင်းများကိုသာ Share ပေးချင်တာလား ၊ ဒါမှမဟုတ် အားလုံးကိုသိစေချင်တဲ့သဘောနဲ့ Share ချင်တာ
လား ၊စသည်ဖြင့်ခွဲခြား လုပ်ဆောင်ပိုင်ခွင့်တွေပါဝင်ပါတယ်..မိမိတို့စိတ်ကြိုက် Circle တွေကို Create ပြုလုပ်
နိုင်ပြီး ကျယ်ပြန့်လှတဲ့  Social Network ကြီးထဲမှာ ကိုယ်ပိုင် Home Circle များတည်ဆောက်ပြီး Share တွေ
လုပ်ဆောင်နိုင်ခြင်းဟာ Facebook နဲ့မတူညီတဲ့ကောင်းမွန်တဲ့ Feature တစ်ခုဖြစ်ပါတယ်..

Google Plus ကိုအသုံးမပြုရသေးတဲ့သူများကတော့ Circle နဲ့ပါတ်သတ်ပြီးလက်တွေ့လေ့လာကြည့်ချင်
တယ်ဆိုရင်တော့ ဒီလင့်လေး  မှာသွားပြီးတော့လေ့လာနိုင်ပါတယ်..
ပြီးရင် The Google+ project: Explore Circles  နဲ့ပါတ်သတ်ပြီး U-Tube မှာလေ့လာနိုင်ပါသေးတယ်




နောက်ထပ်ထူးခြားစွာပါဝင်လာတဲ့ Feature တစ်ခုကတော့ Hangouts ပါ..Hangouts မှာဆိုရင်မိမိတို့တစ်ဦး
ချင်း Contect လုပ်ကာ Single Video Chat မှသည် Group Chat အထိအသုံးပြုနိုင်တဲ့ Feature ကိုထည့်
သွင်းပေးထားပါတယ်..ကျွန်တော်အပေါ်မှာပြောခဲ့သလို Home Group လေးတွေတည်ဆောက်ပြီး ဝေးကွာ
နေကြတဲ့မိသားစုဝင်များ မိမိတို့လုပ်ငန်းဆောင်တာများ ပြီးဆုံးတဲ့အခါမှာ ပုံမှန်မိသားစုတွေ သိုက်သိုက်ဝန်းဝန်း
နဲ့တွေ့စုံကြသလို တွေ့ဆုံနိုင်အောင်ဖန်တီး ပေးထားတာကလဲ Google Plus မှာပါဝင်တဲ့Hangouts ရဲ့ထူးခြား
ချက်တစ်ခုပါပဲ..။Group Chat တစ်ခုဟာ အများဆုံး လူ ( ၁၀ ) ယောက်အထိပါဝင်နိုင်တာကိုတွေ့ရပါတယ်..
ဒီကောင်လေးကိုအသုံးပြုမယ် ဆိုရင်တော့ GoogleVoiceAndVideoSetup  လေးကို Download  ချပြီးမိမိတို့
အသုံးပြုမဲ့ ကွန်ပျူတာတွေမှာ Install လုပ်ပေးဖို့လိုပါလိမ့်မယ်..
The Google+ project: Explore Hangouts ကိုလည်းအောက်မှာလေ့လာကြည့်နိုင်ပါတယ်..




Sparks ကတော့ရှာဖွေစုဆောင်း မှတ်သားရတာကြိုက်နှစ်သက် သူများအတွက်အရမ်းကိုအသုံးဝင်စေမယ့်
Feature လေးပါ..အရင်လို Google မှာသက်သက်လိုက်ရှာမနေတော့ပဲ မိမိဖတ်ချင်တဲ့အကြောင်းအရာတစ်
ခုကို Sparks မှာရိုက်ရှာမယ်ဗျာ..တွေ့ပြီဆိုတာနဲ့  Share  ကိုနှိပ်လိုက်ပါ..ပြီးရင် Add circles or people
to share with...ကနေပြီးတော့ မိမိကအားလုံးကို ဒီအကြောင်းကို Share ပေးချင်တာလား  ဒါမှာမဟုတ်မိမိဘာ
သာသီးသန့်သိမ်းထားချင်တာလား ဆိုတာကို သက်ဆိုင်ရာ Circle လိုက်ရွေးပြီး Share ပေးထားယုံပါပဲ..
စိတ်ကြိုက်အကြောင်းအရာတွေအကုန်လုံးကို မိမိကိုယ်ပိုင် Circle ထဲမှာထည့်ပြီးသိမ်းထားယုံပါပဲ..
The Google+ project: Explore Sparks  နဲ့ပါတ်သတ်ပြီးအောက်မှာလေ့လာကြည့်နိုင်ပါတယ်..



နောက်ထပ်လေ့လာချင်သူများကိုမိတ်ဆက်ပေးချင်တာကတော့ Google + နဲ့  Facebook  ရဲ့ကွာခြားချက်
ပါ..အောက်ပုံကိုလေ့လာကြည့်လိုက်ရင်ဘာတွေကွာခြားချက်ရှိလဲဆိုတာ သဘောပေါက်သွားပါလိမ့်မယ်..



ဒါကတော့ Google Plus မှာပါဝင်တဲ့ Feature လေးတွေကိုလေ့လာကြည့်ရင်းနဲ့ Google + နဲ့ Facebook 
နှိုင်းယှဉ်ချက်လေးကိုပြန်ပြီးတော့မျှဝေပေးလိုက်တာဖြစ်ပါတယ်..နောက်ရက်တွေမှာလဲဆက်ပြီးတော့
လေ့လာမိတာလေးတွေကိုမျှဝေပေးသွားပါအုံးမယ်..

ajax loader
Posted: 23 Aug 2011 10:43 PM PDT

ကျွန်တော်တို့ Firefox ကိုအသုံးပြုသူတိုင်း မိမိတို့စိတ်ကြိုက် Website ကိုအလွယ်တကူ ရှာဖွေရလွယ်
အောင် Firefox မှာပါဝင်တဲ့ Bookmark လေးကိုသုံးပြီး အလွယ်တကူ မှတ်သားတက်ကြတာ ကိုတွေ့
ရပါတယ်..အဲ့ဒီမှာ Firefox မှာပါဝင်တဲ့ Bookmark လေးဟာကျွန်တော်တို့ Windows အသစ်တင်ရင်ပဲ
ဖြစ်ဖြစ် အကြောင်းတစ်ခုခုကြောင့် Firefox  ကိုအသစ်ပြန်တင်တဲ့ အခါမှာပဲဖြစ်ဖြစ် မိမိတို့အချိန်ပေး ပီး
စိတ်ကြိုက် မှတ်သားထားတဲ့ Bookmark ထဲကလင့်တွေဟာလဲ အလွယ်တကူ ပျောက်ဆုံးသွားမှာ
ဖြစ်ပါတယ်..အဲ့ဒီလိုမဖြစ်ရအောင် Bookmark လေးကိုဘယ်လို Export လုပ်ရမယ်ဆိုတာကိုအရင်က 
ရှင်းပြပေးဖူးပါတယ်..။အခုကျွန်တော် ဘာလို့ထပ်တင်ပေး ရလဲဆိုတော့မသိသေးတဲ့ သူများအတွက်
ရောပြီးရင် Firefox အသစ်တွေထပ် ထွက်လာတဲ့အခါမှာ အရင်တုန်းက အသုံးပြုခဲ့တဲ့ပုံစံလေးတွေ နဲ့
မတူတော့တာကြောင့် မသိသေးတဲ့သူတွေ အတွက်အလွယ်တကူ Export လုပ်လို့ရအောင် တင်ပေး
လိုက် တာပါ..။

ကျွန်တော်အောက်မှာ ပုံလေးတွေနဲ့အရင်ဆုံး Bookmark လေးကိုဘယ်လို Export လုပ်ရမယ်ဆိုတာ
ရယ် Export လုပ်ထားတဲ့ Bookmark လေးကို Firefox မှာဘယ်လိုပြန်သွင်းရမယ်ဆိုတာတွေကိုရှင်းပြ
ပေးထားပါတယ်..။ပုံလေးတွေကိုကြည့်ပြီး လုပ်လိုက်ရင်အဆင်ပြေသွားပါလိမ့်မယ်..။အရင်ဆုံး Firefox
ကိုဖွင့်လိုက်ပါ..ပြီးရင်အောက်က ပုံလေးတွေမှာပြထား သလိုအဆင့်ဆင့်လိုက်လုပ်ပေးလိုက်ပါ..။




အပေါ်ကပုံအတိုင်း Firefox Bookmark လေးကို  Download လုပ်ပြီးသွားပြီဆိုရင်တော့အောက်မှာဆက်ပြီး
တော့ Export လုပ်ထားတဲ့ကောင်လေးကို ဘယ်လို Import လုပ်ရမယ်ဆိုတာ အောက်မှာပုံလေးတွေနဲ့ဆက်
ပြီးတော့ရှင်းပြပေးထားပါတယ်..







ဒီလောက်ဆိုရင်တော့ Firefox Bookmark လေးကိုဘယ်လို Export လုပ်ပြီး ဘယ်လို Import ပြန်လုပ်ပေး
ရမလဲဆိုတာကိုသိသွားပြီလို့ထင်ပါတယ်..

Google Plus Blogger Template