Thursday, 15 September 2011

ဖေ့စ်ဘုတ်ခ်မှာဓာတ်ပုံအများကြီးကို ဗီဒီယိုအဖြစ် ဖန်တီးနိုင်ပါတယ်

http://apps.facebook.com/masher

ဖေ့စ်ဘုတ်ခ်မှာ ဓာတ်ပုံအများကြီး တင်ထားသူဆိုရင် အဲသည်ပုံတွေကို စိတ်ဝင်စားစရာကောင်းသွားအောင် ဗီဒီယိုအဖြစ် ဖန်တီးနိုင်ပါတယ်။ သည်ဆိုက်ကနေတစ်ဆင့် ဖေ့စ်ဘုတ်ခ်ကို ဝင်ပါ။
လိုအပ်တဲ့ Permission ပေးပြီးတာနဲ့ ဖေ့စ်ဘုတ်ခ်ပေါ်မှာ ကိုယ့်ဘာသာကိုယ် တင်ထားတဲ့ ပုံအားလုံးကို တွေ့ရပါလိမ့်မယ်။ ကြိုက်တဲ့ပုံကိုရွေး၊ ထည့်ချင်တဲ့ သီချင်းရှိရင် ရွေးပေးပါ။ ပြီးတဲ့အခါ စာသား၊ Effect၊ အရောင်မျိုးစုံ ထည့်နိုင်ပါပြီ။ Effect က ခြောက်မျိုး လောက်ရှိပြီး ဓာတ်ပုံတွေကို ကြွရွလာစေပါလိမ့်မယ်။ သူပေးထားတဲ့ ရယ်ဒီမိတ် ပုံတချို့ ကိုလည်း ထည့်သုံးနိုင်ပါတယ်။
အားလုံးပြီးသွားရင် သက်ဝင်လှုပ်ရှားနေတဲ့ ဗီဒီယိုကို ရပါပြီ။ ဗီဒီယိုကို ဖေ့စ်ဘုတ်ခ်ပေါ်မှာ တင်တာ၊ သူငယ်ချင်းတွေဆီ ပို့တာလုပ်နိုင်ပါတယ်။ ဖေ့စ်ဘုတ်ခ်ပေါ်မှာ ပုံများများရှိနေရင် သုံးကြည့်နိုင်တာက http://apps.facebook.com/masher video ပါ။
--
မှော်ဆရာအဖွဲ့

No comments:

Post a Comment