Wednesday, 7 September 2011

လျှို့ဝှက်မေးလ်တွေ ပို့ကြရအောင်ဗျာ..

0
ဘာအကြောင်းကြောင့်ပဲ ဖြစ်ဖြစ် ကိုယ့်မေးလ်ထဲက စာတစ်စောင်ကို လွယ်လွယ်ကူကူ မဖတ်နိုင်စေချင်ရင် ဒီကောင်လေးနဲ့ Encode လုပ်ပြီး မေးလ်ပို့လို့ရပါတယ်..။ ပထမဆုံး Encode လုပ်ဖို့အတွက်ဆိုရင် www.topsecretemail.com ကိုသွားပြီး ENCODE a message NOW ဆိုတဲ့ button လေးကိုနှိပ်လိုက်ပါ..။-


Encode page ကိုရောက်ပြီဆိုရင်တော့ Unique Key here နေရာမှာ ကိုယ်နှစ်သက်တဲ့ ဂဏန်းကိုရိုက်ထည့်ရမှာဖြစ်ပါတယ်.. (ရိုက်ထည့်လိုက်တဲ့ ဂဏန်းကိုတော့ မှတ်မိနေမှရမယ်နော်).. ဥပမာ.. ကျနော်ကတော့ 12345 နဲ့စမ်းပြထားပါတယ်..။ ပြီးရင် အောက်က Type your message here နေရာမှာ ကိုယ်ပို့ချင်တဲ့ စာကိုရိုက်ထည့်လိုက်ပါ..။ ပြီးသွားရင်တော့ Encode Now ကိုနှိပ်ပေးလိုက်ပါ..။


ပြီးသွားရင်တော့ Encode လုပ်တာပြီးသွားပါပြီ..။ ဒါဆိုရင်တော့ အဲဒီ့ထဲက code တွေကို Copy လုပ်ပြီး မေးလ်ထဲမှာ Paste လုပ်ပြီးပို့လိုက်ရင် ရပါပြီ..။


လျှို့ဝှက်မေးလ်ရတဲ့ သူအနေနဲ့က www.topsecretemail.com ကိုသွားပြီး DECODE a message NOW ဆိုတဲ့ button လေးကို နှိပ်လိုက်ပါ..။


ပြီးရင် Unique Key here ဆိုတဲ့နေရာမှာ စာပို့သူ Encode လုပ်ထားတဲ့ ဂဏန်းတွေကို ရိုက်ထည့်ရပါမယ်..။ ပြီးရင် Type your message here ဆိုတဲ့နေရာမှာ မေးလ်ထဲမှာပါတဲ့ code တွေကို ကူးထည့်ုလိုက်ပြီး Decode Now ကိုနှိပ်ပေးလိုက်ပါ..။


ဒါဆိုရင်တော့ လျှို့ဝှက်မေးလ်ကို ပြန်ဖတ်လို့ရပါပြီ.. အဆင်ပြေကြပါစေ..။

 

No comments:

Post a Comment