Friday, 2 September 2011

Bot worm ဆိုသည်မှာ


Bot worm ဆိုသည်မှာ

Bot worm ဆိုတာဟာ ကိုယ့်ဘာသာတုံ့ပြန်လုပ်ကိုင်နို
င်တဲ့ malware ပရိုဂရမ်တစ်ခု ဖြစ်ပါတယ်။ ၎င်းဟာ RAM ထဲမှာခိုအောင်းနေထိုင်ပါတယ်။ Bot worm ဟာ စွဲကပ်နေတဲ့ကွန်ပျူတာတွေကို 20 mbie တွေဖြစ်အောင် (သို့မဟုတ်) bot တွေဖြစ်အောင် လုပ်ဆောင်နိုင်စွမ်းရှိပါတယ်။ Bot worm ဟာ botnet တွေဖန်တီးပြီးနောက်ပိုင်းတွင်မတော့ Virus, Trojan တွေနဲ့ Spam တွေပျံ့နှံ့စေရန်အတွက် ပတ်ဝန်းကျင်ကို တည်ဆောက်ပြီးသားဖြစ်နေပါတော့တယ်။ Botnet တွေရဲ့ အဓိကလုပ်ဆောင်ချက်တွေက Virus တွေပျံ့နှံ့ဖို့၊ Trojan တွေပျံ့နှံ့ဖို့နဲ့ Spam တွေပျံ့နှံ့ဖို့အတွက် စက်ရုပ်တွေလို အလိုအလျှောက် လုပ်ဆောင်ကြတာဖြစ်ပါတယ်။ Bot worm တွေဟာ Windows operationg system တွေရဲ့ ချို့ယွင်းချက်တွေကိုအသုံးချပြီး antivirus ဆော့ဖ်ဝဲတို့လို application မျိုးတွေကို ပစ်မှတ်ထားပြီး တိုက်ခိုက်တတ်ကြပါတယ်။ ၂၀၀၆ ခုနှစ် ဒီဇင်ဘာလတွေမှာတုန်းကတော့ Big Yellow လို့ခေါ်တဲ့ bot worm ဟာ Symantec ရဲ့လုံခြုံရေးဆော့ဖ်ဝဲကို တိုက်ခိုက်မှုတွေ ပြုလုပ်ခဲ့ပါတယ်။ Bot worm တွေထဲက အစောဆုံးအရာတွေထဲမှာ Zotob ဆိုတာကလည်း တစ်ခုအပါအ၀င်ဖြစ်ပါတယ်။ Zotob ဟာ ပစ်မှတ်ထားတဲ့ကွန်ပျူတာတွေနဲ့ ကွန်ရက်တွေကို ဟက်ကာတွေ တိုက်ခိုက်ဝင်ရောက်နိုင်အောင် ပြုလုပ်ပေးပါတယ်။ ဟက်ကာတွေက Zotob ကိုအသုံးချပြီး ပုဂ္ဂလိကဆိုင်ရာအချက်အလက်တွေနဲ့ ငွေကြေးဆိုင်ရာအချက်အလက်တွေကို ရယူကြပါတယ်။ Anti-malware ပရိုဂရမ်တွေကို update ဖြစ်တာတွေသုံးစွဲပြီး စစ်ဆေးခိုင်းတဲ့အခါမှာ worm တွေကို တွေ့နိုင်မှာဖြစ်ပါတယ်။ နောက်ထပ်ကာကွယ်ရမယ့်နည်းလမ်းကတော့ အမြဲတမ်းထုတ်ပေးတဲ့ Operating system ရဲ့နောက်ဆုံးပေါ် patch တွေကို ရယူသုံးစွဲဖို့ဖြစ်ပါတယ်။ Antivirus တွေ၊ anti-spyware ပရိုဂရမ်တွေနဲ့ ကွန်ပျူတာကိုပုံမှန်စစ်ဆေးပေးပြီး အဲဒါတွေကိုလည်းပုံမှန် update လုပ်ပေးဖို့လိုပါတယ်။

No comments:

Post a Comment