Tuesday 6 September 2011

KMPlayer

KMPlayer


ကျွန်တော်တို့ နေ့ စဉ် သုံးနေကြ  ဖြစ်တဲ့ Program တွေထဲမှာ media player တွေဟာလည်း မရှိမဖြစ် ကို တစ်ခုအနေနဲ့ ပါဝင်နေပါတယ် ။ ကျွန်တော်တို့ ရဲ့ စိတ်ပင်ပန်း မှုတွေ ဖြေဖျောက်ဖို့ ရာ တေးသီချင်းတွေ နားထောင်ဖို  အတွက်  media player တွေက တစ်စိတ်တစ်ပိုင်းအနေနဲ့  ပါဝင်ပံ့ပိုးပေးနေပါတယ် ။

လူသုံးအများဆုံးအနေနဲ့  Window Media Player , Real Player , GOM Player , VlC Media Player စသည်တို့ ရပ်တည်နေပေမဲ့ အဲထဲက မှမထင်မရှား media player လေး တစ်ခုကို ကျွန်တော် အကြိုက်ဆုံး အနေနဲ့ Share ပေးလိုက်ပါတယ် ။ သူကတော့ KMPlayer ပါတဲ့ ။ ကျွန်တော် အကြိုက်ဆုံး ဆိုမှတော့ တစ်ခုခု ထူးခြားလို့ ပေါ့နော် ... ။ (မထူးခြားရင် ဘယ်ကြိုက်မလဲ ... ဟဲ ဟဲ ဟုတ်တယ်မလား )

သူက Window Media Player က support မလုပ်တဲ့ flv format တွေ အထိပါ ဖွင့်ပေးနိုင်ပါတယ် ။ သူ့ မှာ ရှိတဲ့ Features တွေထဲက အကြိုက်ဆုံးတစ်ခုကတော့ Desktop Mode ဆိုတဲ့ Feature ပါ ။ ဘာလဲဆိုတော့ Video File တစ်ခုခုကို KMPlayer နဲ့ ဖွင့်လိုက်ပါ ။ ဖွင့်ပြီးရင် Keyboard က နံပါတ် 9 လေးကို နှိပ်လိုက်တာနဲ့  Desktop Mode ကို ရောက်ရှိသွားမှာ ဖြစ်ပါတယ် ။ ဘာအဆင်ပြေသလဲ ဆိုတော့ Gtalk Chat ရင်း Video ကြည့်ရှုသူတွေအနေနဲ့ ပြောမပြတတ်အောင် အဆင်ပြေစေမှာ ဖြစ်ပါတယ် ။ (အဲ .. ဒါပေမဲ့ Window XP မှာပဲ အဆင်ပြေတာတော့ တစ်ခြား OS User တွေ အတွက်တော့ စိတ်မကောင်းစရာပေါ့ဗျာ ။ ဒါပေမဲ့ Desktop Mode တစ်ခုပဲ သုံးလို့ မရတာပါ ။ ကျန်တဲ့ Application အားလုံးကိုတော့ လုပ်ဆောင်လို့ ရနိုင်ပါတယ်။ ) Desktop ပေါ်မှာ Video ဖွင့်ထားရင်း မိမိ စိတ်ကြိုက် Program တွေကို ဆက်လက် လုပ်ဆောင်လို့ ရစေပါတယ် ။ Gtalk Chat ရာမှာလည်း အနှောင့်အယှက် ဖြစ်စေတော့မှာ မဟုတ်ပါဘူး ။ တစ်ခြား Feature တွေ အနေနဲ့ ကတော့ အဲ့ပေါ်မှာ Right Click နှိပ်ပြီး လုပ်ဆောင်နိုင်ပါတယ် ။ အသုံးပြုပုံကတော့ ရိုးရှင်းပြီး လွယ်ကူ လွန်းလှတဲ့ အတွက်ကြောင့် ထွေထွေထူးထူးရှင်းပြမနေတော့ပါဘူ
း ။ အဲ့ဒါကြောင့် ကျွန်တော် အကြိုက်ဆုံး Media Player လေး အဖြစ် Share ပေးလိုက်ရပါတယ် ။




1 comment:

  1. ကျေးဇူးတင်ပါတယ်နော်

    ReplyDelete