Thursday, 1 September 2011

မြန်မာယူနီကုဒ်ဖြင့် Post တွေ Comment တွေပေးနည်း


မြန်မာယူနီကုဒ်ဖြင့် Post တွေ Comment တွေပေးနည်း


မင်္ဂလာပါ ခင်များ..
မြန်မာတွေအတွက် Standard ကျကျဖြစ်အောင် မြန်မာ၃ Unicode ကို စတင်ပြောင်းလဲ သုံးစွဲလိုက်တဲ့အချိန်ကစ ပြီး ဆိုဒ်မှာ အသုံးပြုသူ ဦးရေ သိသိသာသာ ကျဆင်းသွားတာကိုတွေ့ရပါတယ်.. အဲဒိအတွက် ကျနော်တို့ အားလုံး စိတ်မကောင်းဖြစ်ရပါတယ်..
အောက်က  Vote result  မှာလည်း အနှုတ်ဖက်ကို ပြနေတော့ သိပ်တော့ အဆင်မပြေလှဘူး.. ဒါပေမယ့် ကိစ္စမရှိပါဘူး... ဖြည်းဖြည်းချင်းတော့ ပြောင်းလဲလာကြမှာ ပါလို့ပဲ ယုံကြည်မိပါတယ်.. 

ခုလတ်တလောမှာတော့ ယူနီကုဒ် သွင်းပြီးတဲ့လူတွေအတွက် Post တွေ ကွန်းမန့်တွေ ရေးရာမှာ ယူနီကုဒ်နဲ့ အသားမကျသေးသူများ  အတွက်  ယူနီကုဒ်နဲ့ ပိုစ့်တွေ တင်နိုင်အောင် ၊ ကွန်းမန့်တွေပေးနိုင်အောင် ဒီဆွေးနွေးချက်လေးကို စတင်ပေးလိုက်ပါတယ်..
ဆွေးနွေးချက် စတင်တော့မယ်ဆိုတာ နဲ့ အောက်က ပုံပါအတိုင်း လုပ်ဆောင်သွားလို့ရပါတယ်..
သို့မဟုတ်.. 
အပေါ် Menu bar ကနေ ဆွေးနွေးရန် ဆိုတာကို နှိပ်လိုက်ပါ.. ပြီးရင် အောက်က ပုံပါအတိုင်း လုပ်လည်းရပါတယ်..
ပြီးရင် ဇော်ဂျီနဲ့ ရိုက်မှ အားရတယ်ဆိုတဲ့ လူတွေအတွက်..  အပေါ်က Menu bar ကနေ အသုံးပြုပုံ လမ်းညွှန် ဆိုတာကို mouse လေး တင်လိုက်ရင် အောက်က ပုံအတိုင်း Unicode converter  ဆိုပြီးထပ်ပေါ်လာပါမယ်..
ဒါဆိုရင် Unicode converter ရှိတဲ့နေရာကို tab  တစ်ခုနဲ့ ပွင့်သွားပါလိမ့်မယ်.. အဲဒိကိုရောက်တာနဲ့ အပေါ်က အကွက်မှာ ဇော်ဂျီနဲ့ ရေးပါ.. ပြီးရင်  Convert  ဆိုတဲ့ ခလုတ်ကို နှိပ်ပါ..  အဲဒိအခါကျ အောက်က အကွက်မှာ မြန်မာ၃ ကိုပြောင်းပြီးသား ရရှိမှာ ဖြစ်ပါတယ်... အဲဒိက စာကို Copy ပြီးမှ မိမိ တင်မယ့် Post မှာ Paste  လုပ်ပြီးမှ တင်ပေးကြပါခင်များ...

အဲလိုမှ မဟုတ်ပဲ ဒီဆိုဒ်ထဲမှာ ဇော်ဂျီဖောင့်နဲ့မှ ရေးချင်တယ်ဆိုရင်လည်း သူများတွေ ဖတ်လို့ရအောင် အောက်ပါအတိုင်း လိုက်ပါလုပ်ဆောင်ပေးဖို့လိုပါတယ်.. မဟုတ်ရင် ဇော်ဂျီတွေနဲ့ ရေးတဲ့လူတွေ ဘာရေးရေး ယူနီကုဒ်ပြောင်းပြီးသားလူတွေက ဖတ်မရတော့ပါဘူး.. အဲဒိအခါကျ အကူအညီတွေတောင်းလည်း ပေးနိုင်ကြတော့မှာမဟုတ်ပါဘူး... အဲဒိအတွက် ဇော်ဂျီနဲ့ ရေးရင်တောင် မှ ဖတ်လို့ရအောင် ရေးဖို့ ရေးနည်းလေးတော့ သိအောင် လုပ်ထားစေချင်ပါတယ်.. .. ဘာမှ မခက်ပါဘူး..

မိမိဆွေးနွေးချက်ရေးသားတဲ့ နေရာရဲ့ ညာဘက် အပေါ်ထောင့်မှာ  HTML Editor 
ကိုရွေးပါ.. ပြီးရင် အောက်က Font face ကုဒ်ကိုထည့်ပါ..
ပြီးရင် Visual Mode မှာပြန်ပြောင်းပြီး ဇော်ဂျီနဲ့ ရိုက်လို့ရပါတယ်.. မြန်မာ၃ သွင်းပြီးသားလူတွေလည်းဖတ်လို့ရပါတယ်.. ရေးလို့လည်းရပါတယ်.. ကျနော် ဒီပိုစ့်ကို ဇော်ဂျီပဲသုံးတဲ့လူတွေရော
ယူနီကုဒ်သုံးနေကြပြီဖြစ်တဲ့ လူတွေရော မြင်ရအောင် ယခုနည်းလမ်းအတိုင် ဇော်ဂျီနဲ့ ရေးထားတာဖြစ်ပါတယ်..


<font face="Zawgyi-One"> ဒီမှာဇော်ဂျီဖောင့်နဲ့ရိုက်... </font>


အောက်ကပုံအတိုင်း လုပ်ကြည့်ပါ... 


Comment ပေးရာမှာလည်း ထိုနည်းအတိုင်းပါပဲ.. 
နောက်ပြီး ဆွေးနွေးထားပြီးသား မိမိရဲ့ ဆွေးနွေးချက်တွေကိုလည်း အောက်က ပုံအတိုင်း ပြန်ပြီး ပြင်ဆင်နိုင်ပါတယ်....

မိမိဆွေးနွေးချက်တွေကို ဖတ်တဲ့လူတွေ အဆင်ပြေစွာ ဖတ်ရှုနိုင်ဖို့ အတွက် အထက်ပါ နည်းလမ်းလေးများအတိုင်း လိုက်နာ ဆောင်ရွက်ပေးကြပါလို့ မေတ္တာရပ်ခံအပ်ပါတယ်..

ယူနီကုဒ်ကို ဇော်ဂျီလက်ကွက်အတိုင်း ရိုက်လို့ရနိုင်ဖို့လည်း ယခင်ဆွေးနွေးချက်တွေမှာ ဆွေးနွေးပြီးဖြစ်တဲ့အတွက် ထပ်မံ မဆွေးနွေးတော့ပါဘူး... ဘာမှ လိုက်မလုပ်ပဲနဲ့ မရဘူးချည်း အော်နေတာကတော့ အဆင်မပြေလှပါဘူး.. မဆင်မပြေရင် မပြေကြောင်း သေချာ ရှင်းလင်းအောင် မေးစေလိုပါတယ်..

ယူနီကုဒ်ကိုစတင်အသုံးပြုနေသူများအတွက်ကတော့ အကယ်၍ အချို့သော အသင်းဝင်များက ဇော်ဂျီဖောင့်နဲ့ပဲ ရိုးရိုး ရေးသွားလို့ မမြင်ရရင် အပေါ်က Converter မှာ သွား paste ပြီးဖတ်နိုင်ပါတယ်... နဲနဲတော့ အလုပ်ရှုပ်တာပေါ့ဗျာ... နောက်ထပ် တော်တော်ကောင်းတဲ့ Font Converter လေးတစ်ခုလည်းရှိပါသေးတယ်.. 
သူကတော့ စုံအောင် ပြောင်းလို့ ရတာပေါ့... ကျနော်က တော့ ၂ ခုစလုံး အဆင်ပြေသလို သုံးပါတယ်..

နောက်တစ်ချက်က မြန်မာအိုင်တီက ပို့တဲ့ အီးမေးလ်း ခေါင်းစဉ်တွေ မမြင်ရဘူးဆိုတဲ့ ပြဿနာ ပါ...
အဲဒါကိုဖြေရှင်းဖို့ကတော့ မိမိ Browser ရဲ့ Sans serif ကို Myanmar3(သို့မဟုတ် Unicode တစ်ခုခု) ပြောင်းလိုက်ရင် မြန်မာအိုင်တီကပို့တဲ့ မေးလ်တွေရဲ့ခေါင်းစဉ်တွေကိုမြင်ရမှာဖြစ်ပြီး ဇော်ဂျီကို
 ပြန်ပြောင်းပေးလိုက်ပါက ဇော်ဂျီနဲ့ ပို့တဲ့မေးလ်တွေကို မြင်ရမှာဖြစ်ပါတယ်...
အလုပ်တော့နဲနဲရှုပ်တာပေါ့ဗျာ.. ဒီပြဿနာကတော့ အားလုံး ယူနီကုဒ်သုံးမှပဲ အဆင်ပြေမယ်ထင်ပါတယ်... 

နောက်ဆုံးပြောချင်တာကတော့ အသင်းဝင်များအနေနဲ့ ဇော်ဂျီနဲ့ မှ ရေးချင်တယ်ဆိုရင်တောင် ကျနော်အထက်က ပြောခဲ့တဲ့ နည်းလမ်းလေးအတိုင်း ပိုစ့်တွေ ကွန်းမန့်တွေကို ရေးပေးကြပါလို့ မေတ္တာရပ်ခံ အပ်ပါတယ်.. ဒါမှ အားလုံး အဆင်ပြေစွာ ဖတ်ရှုနိုင်မှာဖြစ်ပါတယ်... လိုက်ပါလုပ်ဆောင်ပေးမှုအတွက်လည်း 
အထူးပဲ ကျေးဇူးတင်နေမှာဖြစ်ပါတယ်... ။

လေးစားစွာဖြင့်...

No comments:

Post a Comment