Taskbar ရဲ့ Notification Area ကိုထိန်းချုပ်ခြင်း"
Notification Area ဆိုတာကအောက်ခြေ ညာဘက်အစွန်လောက်မှာရှိတယ်။ System ရဲ့သတိပေးချက်
တွေ ၊ Alert လုပ်တာတွေကို ဖော်ပြပေးရတယ် ။ ဥပမာ - နောက်ကွယ်က ဘယ်လိုပရိုဂရမ်တွေ Run နေ
တယ်ဆိုတာကအစ အဲ့ဒီနေရာမှာသိနိုင်တယ်။ Windows ရဲ့လျှို့ဝှက်ချက်တွေ အများဆုံးနေရာလို့ပြောနိုင်
တယ်။ အကောင်းဆုံးပြန်ပြီး စီစဉ်ချင်တယ်ဆိုရင်
1 - ညာဘက်အစွန်ဆုံးနားလောက်မှာ Up Arrow ခေါင်းလေးကို Click လုပ်လိုက်တာနဲ့ Customize ဆိုတဲ့
Box လေးပေါ်လာလိမ့်မယ် ။
2 - အဲ့ဒီထဲက Application တိုင်းဟာအလွယ်ကူဆုံး Run နိုင်အောင်စီစဉ်ပေးထားတာတွေပဲ ။ Customize
ကို Clickလုပ်လိုက်ရင် ဘယ် Icon ကိုဖော်ပြပေး ၊ ဘယ် Icon ကိုဖျောက်ပေး အားလုံးစီစဉ်နိုင်တယ် ။
ပြောင်းပြီးရင်တော့ OK ကို Click လုပ်ပေးပါ။
3 - အဲ့ဒီညာဘက်အောက်ခြေမှာပဲ Clock ; Volume ; Network ; Power တွေကိုလည်းပြင်ဆင်ထိန်းချုပ်
နိုင်တယ်။ Customize ကိုနှိပ်လိုက်လို့ ပေါ်လာတဲ့ Windows ထဲမှာအောက်ခြေနားက Turn System
Icons On or Off ဆိုတာကို Click ထပ်လုပ်လိုက်ရင် Clock ; Volume ; Network ; Power တွေကို
အဖွင့်အပိတ်လုပ်နိုင်တဲ့ Windows ထပ်ပေါ်လာလိမ့်မယ်။ အဲ့ဒီထဲကနေပြီးတော့လည်း ထိန်းချုပ်နိုင်
တယ်။ ပြီးရင်တော့ OK လုပ်ပေါ့ ။
No comments:
Post a Comment