Sunday, 4 September 2011

ဖျက်မိခဲ့သည့် Contact များကို ဂျီမေးလ်က Restore ပြုလုပ်နိုင်


ဖျက်မိခဲ့သည့် Contact များကို ဂျီမေးလ်က Restore ပြုလုပ်နိုင်

Wednesday,  pkthawn

ဂူဂဲလ်သည် ဂျီမေးလ်အသုံးပြုသူများအား ၎င်းတို့၏ contact များကို ပြုပြင်ပြောင်းလဲခြင်းများပြု
ပီး ရက်ပေါင်း ၃၀ ကာလတခုအလွန် ၎င်းပြောင်းလဲခြင်းများကို ပုံမှန်မူလအတိုင်းပြန်လည်ရယူနိုင်သည်။

ဆိုလိုသည်မှာ သင်သည် လွန်ခဲ့သော ရက် ၃၀ အတွင်းက မစဉ်းစားမိဘဲ contact ကို delete ဖျက်မိခဲ့လျှင်ဆိုပါက သင်သည် ဂျီမေးလ် အကောင့်အတွင်း သင်ပြန်လည်လိုချင်သော (သို့) ဖျက်ခဲ့မိသော သင့် contacts list များကို (restore) ပြန်လည် ရယူနိုင်သည်။

သင်သည် မထင်မှတ်ဘဲ သင့်ဂျီမေးလ်အကောင့်မှ contact အကြောင်းအရာများ ဖျက်ခဲ့မိပါက ဤ feature အသစ်သည် အသုံးဝင်လာမည် ဖြစ်သည်။
Feature အသစ်ကို ဂျီမေးလ်၏ Contacts section သို့သွားပြီး “More actions” menu ပေါ်ကို ကလစ်လုပ်ပါ။ ထိုနေရာမှ သင်သည် “Restore contacts” ကို ရွေးချယ်နိုင်သည်။ သင်ပြုလုပ်ချိန်မှာ dialog box တခုကို အောက်ပါအတိုင်းတွေ့ရပါ လိမ့်မည်။
restore_contacts
သင်သည် time frame တခုကို ရွေးချယ်လိုက်သောအခါ သင့်ဂျီမေးလ် contacts အားလုံးသည် အချိန်အတိအကျ ပြန်လည် restore ပေးလိမ့်မည်။

No comments:

Post a Comment