Sunday, 4 September 2011
Desktop Background ကို Timer ပေးပြီး ကိုယ်ကြိုက်တဲ့ ပုံလေးတွေ ပြောင်းကြရအောင် ။
Desktop Background ကို Timer ပေးပြီး ကိုယ်ကြိုက်တဲ့ ပုံလေးတွေ ပြောင်းကြရအောင် ။
ကျွန်တော်တို့ အားလုံး ကွန်ပျူတာကို နေ့ စဉ်လူမှု ဘ၀တွေမှာ ဆက်စပ် သုံးစွဲနေကြသူများပီပီ တိုးတက်နေကြတဲ့ နည်းပညာတွေကို လက်လှမ်းပြီးကောင်းနိုးရာရာ software လေးများဖြင့် မိမိကွန်ပျူတာကို အလှဆင်တတ်ကြပါတယ် ။
အခုလည်း အဲ့ထဲကမှ ...တကယ့်ကို အသုံးဝင်ပြီး မော်နီတာရဲ့  Screen ကို ဘယ်အချိန်ကြည့်ကြည့် စိတ်ကျေနပ်မှု အပြည့်ရနေမဲ့ Software ကောင်းကောင်းလေး တစ်ခုနဲ့ မိတ်ဆက်ပေးချင်ပါတယ် ။ ( Software ကောင်းကောင်းလေးများ သုံးရပြီ ဆိုရင် အရင်ဆုံး ဒီ MMITD က သူငယ်ချင်းတွေကိုပဲ ပြေးပြေးမြင်နေလို့ ....)
ကဲ .. intro တွေလည်း များနေပြီ ။ ဘာ Software လဲ ဆိုတော့ ခေါင်းစဉ်လေးမှာ ပေးထားတဲ့ အတိုင်း Desktop Background ကြီးကို တစ်ခုထည်း ထားတာ ရိုးအီနေပြီ ။ ပြီးတော့တစ်ပုံတည်းပဲ ထားလို့ ရတယ် ။ မကြိုက်ရင်လည်း ပြန်ပြန် ပြောင်းရသေးတယ် ။ အဲ့ဒုက္ခက ကင်းဝေအောင် ဆောင်ရွက်ပေးမဲ့ Software ကတော့ John's Background Switcher ပါတဲ့ဗျာ ။
John's Background Switcher ဟာ ကျွန်တော်တို့ သတ်မှတ်ခိုင်းစေထားတဲ့ အချိန်ကာလ တစ်ခုအလိုက် ကွန်ပျူတာ မျက်နှာပြင်ပေါ်မှာ မြင်တွေ့ခံစားနေရတဲ့ Desktop background ကို တိကျသပ်ရပ်စွာ ပြောင်းလဲ ပေးနေမယ့် software တစ်ခုပဲ ဖြစ်ပါတယ် .. ဒီ software မှာ ကျွန်တော်တို့ အားလုံး ထိတ်လန့်ကြတဲ့ virus, spyware,trogans .. အစရှိတဲ့ ကွန်ပြူတာကို ဖျက်ဆီး ဒုက္ခပေးနိုင်သောဖိုင်များ ကင်းစင်တဲ့ အပြင် ပိုက်ဆံနဲ့ ပေးဝယ်စရာ မလိုပဲ ထုတ်လုပ်သူ ကိုယ်တိုင်က ရက်ရောစွာ free အသုံး ပြုခွင့်ပေးထားတဲ့ software တစ်ခု မို့လို့ ကွန်ပျူတာ အားလုံး အတွက် ယုံကြည်စိတ်ချစွာ အသုံးပြုနိုင်ပါတယ် .. John's Background Switcher ကို အသုံးပြု ခြင်း အားဖြင့် ကျွန်တော်တို့ အောက်ဖော်ပြပါ စွမ်းဆောင်ရည်များ ကို ကျေနပ်စွာ သင် ခံစား ရရှိမှာ ဖြစ်ပါတယ် ..
I. မိမိကြိုက်နှစ်သက်ရာ ပုံ တစ်ပုံချင်းစီအလိုက် ရွေးချယ်၍ desktop background တွင် အလှဆင်နိုင်ခြင်း။ ( ဘယ်လောက်တောင် အသုံးဝင်လိုက်သလဲ ဆိုတော့ တစ်ပုံချင်းစီ ရွေးပြီး တင်ထားရင် အဲ့ဓာတ်ပုံ ရိုက်ထားတဲ့ Day Date ကိုပါ ပြပေးမှာ ဖြစ်ပါတယ် ။ )
II. မိမိကြိုက်နှစ်သက်ရာ ဖိုဒါ တစ်ခုချင်းစီအလိုက် ရွေးချယ်၍ အလှဆင်နိုင်ခြင်း။
III. အင်တာနက်နှင့် ချိတ်ဆက်ထားသော ကွန်ပျူတာတိုင်း အတွက် Flickr သို့ မဟုတ် မိမိကြိုက်နှစ်သက်ရာ online photo management and sharing application ဆိုဒ်များ ( ဥပမာ - Picasa,Flickr, Google images, Yahoo images, Bing images, Phanfare photos, RSS photot feed, Webshots photos ..
အစရှိသဖြင့် ) ဆိုဒ်များမှ သင်ကြိုက်နှစ်သက်ရာ ဓာတ်ပုံများအား ဓာတ်ပုံပညာရှင် အလိုက်သော်လည်းကောင်း၊ tags အလိုက်သော် လည်းကောင်း၊ random အလိုက်သော်လည်းကောင်း  မိမိ ကွန်ပျူတာ desktop
screen တွင်ရွေးချယ် ဖော်ပြစေနိုင်ခြင်း။
IV.အကယ်၍ သင်ဟာ  Facebook ရဲ့ ပရိသတ် တစ်ယောက်ပါလား ? ကျွန်တော့် အထင်တော့  John ကလည်း
Facebook
ပရိသတ် တစ်ယောက် ဖြစ်ပါလိမ့်မယ် ။   Facebookမှာ ရှိနေတဲ့ မိမိ ဓာတ်ပုံ ကိုသော် လည်းကောင်း ချစ်သူ၊ သူငယ်ချင်း အပေါင်းအသင်းများရဲ့ ဓာတ်ပုံများ ကိုသော်လည်းကောင်း ကွန်ပျူတာ
screen မှာ ဖော်ပြပေးနိုင်စွမ်း John's Background Switcher မှာ အပြည့်အဝ ရှိနေပါတယ်။
V. RSS photo feeds တွေကိုမှ screen မှာကြည့်နေချင်တာမျိုးလား .. ဖြစ်ပါတယ် John's Background Switcher က ဒါကိုလည်း ဖန်တီးပေးနိုင်ပါတယ်။
VI. တကယ်လို့ သင်ဟာ Phanfare user တစ်ယောက်ဆိုလည်း သင့်အကောင့်က ဓာတ်ပုံတွေကို John's Background Switcher အသုံးပြုပြီး ၂၄ နာရီ desktop မှာ ခံစားကြည့်လို့ ရပါပြီ။
VII. တကယ်လို့ သင်က Smugmug user ဆိုရင်တော့ John's Background Switcher ကနေပဲ သင့်ပုံကို ခံစားလိုက်ပါတော့။
VIII. Picasa web albums ချစ်သူမျိုးများလား ... အဆင်ပြေပါတယ် .. John's Background Switcher နဲ့ပဲ သင်ကြိုက်နှစ်သက်သလို ဖော်ပြခိုင်းလို့ ရနေပါတယ်။
IX. Webshots pictures များနဲ့မှ သူငယ်ချင်းတို့ ရဲ့ ကွန်ပြူတာက ပို style ကျနေမယ်လို့ ယူဆပါသလား ? John's Background Switcher ကနေပဲ ခံစားကြည့်လို့ရနေပါပြီ။
X. အခြားအခြားသော Google images, Bing images,Yahoo images များကနေ တစ်ဆင့်လည်း သင့် desktop background ကို အလှဆင်နိုင်ပါသေးတယ်။ (  ဒီ Function လေးကိုတော့ တော်တော်ကြိုက်ပါတယ် ။ မိမိကြိုက်နှစ်သက်ရာ  ဓာတ်ပုံကို ရွေးချယ်ပေးထားလိုက်ရုံနဲ့ မိမိ ကွန်ပျူတာတွင် ထိုဓာတ်ပုံများ
ရှိစရာမလိုပဲ အွန်လိုင်းမှ တစ်ဆင့် အလိုလို ဖော်ပြပေးလိမ့်မယ် ။ ကိုရီးယား  အကြိုက် ၊ ဘောသမား အကြိုက် သူငယ်ချင်းများအတွက် ပိုးစိုးပက်စက် အဆင်ပြေစေမှာပါ ) 
ကဲ .. အဲ့လောက်ဆိုရင်တော့ ...ဘာများလိုအပ်ပါသေးသနည်းးးး ???? (Latest Version 4.3 လေးပါ)
ယခုလောက်ဆိုရင် John's Background Switcher  ရဲ့ အကြောင်းကို နားလည် လောက်ပြီ ထင်ပါတယ် ။ စာဖတ်သူရဲ့ ပညာရပ်ကို အထင်သေးသည်ဟု ထင်မှာ စိုးသောကြောင့် အသုံးပြုနည်း အသေးစိတ်ကိုတော့ အသေးစိတ် မတင်ပြတော့ပါဘူး ။ အသုံးပြုပုံမှာလည်း အလွန် ရိုးရှင်းလွယ်ကူ လွန်းတာကြောင့် မိမိ ကိုယ်တိုင် ဆန်းသစ်သော စိတ်ကူးစိတ်သန်းများဖြင့် လွတ်လပ်စွာအသုံးပြုကြည့်ကြပါဦး
ခင်ဗျာ ။
အကောင်းမွန်ဆုံးတစ်ချက်မှာ မိမိရဲ့ Desktop Background အချိန်ကိုက် ပြောင်းလဲနေမှုကြောင့်သာ ထို Software လေး အသုံးပြုထားသည်ဟု သိရှိနိုင်ပြီး ထို Software လေးကြောင့် မိမိ PC များစွာ လေးလံမသွားခြင်း ၊ မိမိ အသုံးပြုနေသော Application များကို များစွာ အနှောင့်အယှက် မဖြစ်ခြင်းတို့ မှာ Software ရေးသားသူ John ရဲ့ ကောင်းမွန် သေသပ်မှု ကြောင့်လို့ သာ ထင်မိပါတော့တယ် ။ ( ရုပ်ပုံ ပြောင်းလဲနေချိန်တွင် tray icon လေးမှာ အစိမ်းရောင် အဖြစ်သို့ ပြောင်းလဲနေမည် ဖြစ်ပါသည် ။ )
အဲ့ဒါဆို သူငယ်ချင်းတို့ ကို ကျွန်တော့် Desktop ပေါ်ကို အလှဆင်ထားတဲ့ .... ကျွန်တော့်အကြိုက်ဆုံးးး ကျွန်တော့်ကောင်မလေးးး ဟိဟိ.. Lady Gaga ရဲ့ Screen Shot တစ်ချို့ ကို သရေ ကျစရာ အမြည်းပေးလိုက်ရပါတယ် ။
အဲ့ဒါ ကျွန်တော့် ကွန်ပျူတာထဲက Lady Gaga ဆိုတဲ့ folder တစ်ခုအောက်က ကျွန်တော် သိမ်းထားတဲ့ ပုံတွေပါ ။ သူငယ်ချင်းတို့ မှာ အဲ့လို သိမ်းထားတဲ့ ပုံတွေ မရှိဘူးဆိုလည်း google images မှာ lady gaga လို့ ရိုက်ထည့်ပေးထားလိုက်ပါ ။ သူ့ ဟာသူ လာပြပေးနေပါလိမ့်မယ် ။ ( မျက်စိ ရှုပ်တယ်လို့ တော့ မထင်လိုက်ပါနဲ့ အဲ့ဒါ ကျွန်တော်က random ရွေးပေးထားလို့ ပါ မျက်စိမရှုပ်အောင် သင့်တော်တဲ့ Settings ကို စိတ်ကြိုက်ရွေးပေးလို့ ရပါတယ် ။) 
အားလုံးပဲ အဆင်ပြေကြပါစေဗျာ ။ အဖောလည်း ကောင်းနေတာနဲ့ .....Software ဘယ်မှာလဲ ကိုယ့်ဟာကိုယ် ပြန်ရှာကြည့်လိုက်တော့ အခုထိ မတွေ့ သေးဘူး ။ ဟိဟိ .. ။ တော်သေးတာပေါ့ ။ သတိရလို့ .... ။
ကဲ ... ဒီအောက်မှာ ဒေါင်းကြဗျာ ။ သုံးနေရာတောင် တင်ပေးထားတယ် ။အဆင်ပြေတဲ့ နေရာကနေ သာ ဒေါင်း ။ ( ကျွန်တော် တင်ပေးထားတာတော့ မဟုတ်ဘူးး အဲ့အကြောင်း အောက်မှာ ရှင်းပြပေးထားတယ်.. ဟိဟိ အလှူ့ လက်ဖက်နဲ့ မျက်နှာလုပ်တာ ။)
Media Fire
Description
IFile
Description
Ziddu
Description
ဒီလောက်ဆိုရင်တော့ ... သူငယ်ချင်းတို့ ရဲ့ ကွန်ပျူတာ Desktop Background ဟာ ပြီးပြည့်စုံသွားလောက်ပြီလို့ ထင်ပါတယ် ဗျာ ။ အခြားအခြားသော Features တွေကို အသုံးပြုပုံ သိချင်သေးတယ် ဆိုရင် More ကနေ တစ်ဆင့် လေ့လာနိုင်ပါတယ် ခင်ဗျာ ။
MMiTD က သူငယ်ချင်းတွေ အကုန်လုံး ဒီ Software လေးကို ကြိုက်နှစ်သက်ကြလိမ့်မယ်လို မျှော်လင့်မိပါတယ် ။
အဲ့ဒါကြောင့် ဒီ Software လေးရဲ့ အားသာချက် အားနည်းချက် ၊ အသုံးဝင် မ၀င် ဆိုတာကိုတော့ ကွန်မန့် လေးတွေပေးပြီး ဆွေးနွေးပေးခဲ့ကြပါဦးဗျာ ။
တကယ်လို့ ကျေးဇူးတင်ချင်တယ် ဆိုရင်တော့ ကျွန်တော့်ကို တင်မယ့်အစား ထုတ်လုပ်သူ John ကိုယ်တိုင်ရှိနေတဲ့ သူ့ website ( မြန်မာနိုင်ငံက သူတွေ ကတော့ ၀င်လို့ ရမှာ မဟုတ်ပါဘူး )  နဲ့  Brother chitmgmgster ကိုသာ ကျေးဇူးတင်ကြောင်း သွားရောက် ပြောပေးကြပါဗျာ ။
John ကိုတော့ Software ထုတ်လုပ်ပေးတဲ့ အတွက် ကျေးဇူးတင်ကြောင်း သွားပြောနိုင်ပြီး Brother chitmgmgster ကိုတော့ တကူးတက နဲ့ ကျွန်တော် ဒေါင်းလို့ မရဘူး ဆိုလို့ သူ့ ဟာသူ ဒေါင်းပြီး သူ့ ဟာသူ upload ပြန်လုပ်ပေးတဲ့အတွက် ကြောင့်သာ သူငယ်ချင်းတွေကို မျှဝေ ပေးလို့ ရခြင်း ဖြစ်တာကြောင့် သူ့ ကိုလည်း သွားရောက် ကျေးဇူးတင်ကြောင်း ပြောကြားနိုင်ပါတယ် ။ ( ကျွန်တော့် စိတ်ထင် brother chitmgmgster အဲ့ software လေးကို ဒေါင်းပြီး Upload ပြန်လုပ်ပေးတဲ့ အချိန်ဟာ အလွန်ဆုံး 10 မိနစ် မရှိပါဘူး ။ ဒါပေမဲ့.. ကျွန်တော် အဲ့ software လေးကို ပြန်ဒေါင်းတော့ 2 နာရီ 3 နာရီလောက်ကြာပြီးမှ အခက်အခဲတွေကြားက မှ ဒေါင်းလို့ ရပါတယ် ။ အဲ့ဒါကြောင့် စမ်းသုံးကြည့်နိုင်ခြင်း ဖြစ်ပါတယ် ။ အဲ့ဒါဆို Size က ဘယ်လောက်လဲ မေးစရာရှိပါတယ် ။ တကယ်တော့ size က 5.21 MB ထဲပါဗျာ ။ ဘာကွာလဲတော့ ကျွန်တော်လည်း မပြောတတ်တော့ပါဘူး ။ သူငယ်ချင်းတို့ ဒေါင်းတဲ့ နေရာမှာတော့ အဆင်ပြေကြပါစေဗျာ ။ )
Htet Zaw
No comments:
Post a Comment