Friday, 2 September 2011

How To: Take A Better Screen Shot



KyawswarNyein.Com_Take_Better_Screen_Shot_Splash.png

သူငယ်ချင်း တို့ တော်တော်များများက ကျွန်တော့ကို Screen Shot ကောင်းကောင်းလေး လုပ်နည်းကို ခဏခဏမေးပါတယ်။ ပြီးတော့လဲ အဲ့ဒီလို ကျွန်တော့ Blog ထဲ့က Image တွေကို ဘယ်လို Software နဲ့သုံးပြီး လုပ်တာလဲဆိုတာကိုလဲ ခဏခဏ မေးပါတယ်။ ကျွန်တော်လဲ ဘယ်မှ မသုံးပါဘူး Windows 7 က Paint ဘဲ သုံးပါတယ်ဆိုတာ ကိုလဲ ခဏခဏ ပြောပြပါတယ်။ ကျွန်တော်လဲ ပြောပါများလို့ Post လေးလုပ်ပြီး တော့ဘဲ တင်ပေးလိုက်ပါတယ်ခင်ဗျား။

ပထမဦးဆုံး Desktop ပေါ်ရဲ့ တနေရာရာမှာ Right Click နှိပ်ပြီး Personalize လိုက်ပါ။ ပြီးရင်တော့ Desktop Background ကိုနှိပ်လိုက်ပါ။ ပြီးရင်တော့ အောင့်မှ ပြထားတဲ့အတိုင်းဘဲPicture Location: မှာ Solid Colors ကိုရွေးပြီး အဖြူရောင်ကို နှိပ်လိုက်ပြီး Save Changes လိုက်ပါ။

KyawswarNyein.png


အားလုံးလုပ် ပြီးရင်တော့ ကိုယ်ကြိုက်တဲ့ Windows တခုခုကို ဖွင့်ထားပြီး Screen Shot ကို ရိုက်ပါ။ Keyboard က Prt Scr/ SysRq ကိုနှိပ်ပြီး ရိုက် Full Scree ကို Print လိုက်ပါမယ်။ ကိုယ်ဖွင့်ထားတဲက Active Window တခုထဲကိုဘဲ ဆိုရင်တော့ Alt + Prt Scr/ SysRq လုပ်ရင် အဲ့ဒီ Windows တခုဘဲ ရပါလိမ့်မယ်။

KyawswarNyein.Com_Take_Better_Screen_Shot.png

ကိုယ်လိုချင်တဲ့ Screen Shot လေးကို Print ပြီးသွားပြီး ဆိုရင်တော့ MS Paint ကိုပြန်သွားပြီး Ctrl + V လိုက်ပါ။ ဒါဆိုရင် Past သွားပါ့မယ်။ လိုချင်သလောက်ကို Select Tool နဲ ရွေးချယ်ပြီး Crop လိုက်ပါ။ ပြီးရင်တော့ .Png အဖြင့် Save လိုက်ပါ။

ကျွန်တော်အပေါ်မှာ ရေးထားတာ အချို့ သူတွေအတွက် နားရှုပ်မှာ သေချာပါတယ်။ ဒီမို့ လို့ ကျွန်တော် YouTube မှာ Video လေးကို Tutorial လေးအဖြင့် တင်ပေးလိုက်ပါတယ်။ အောင့်ကနေသွား၍ ကြည့်ပြီး လိုက်လုပ်ကြည့်ပါ။ အားလုံး Ok သွားပါ့မယ်။
This posting includes an audio/video/photo media file: Download Now

No comments:

Post a Comment