Friday, 2 September 2011

Photoshop lesson


Photoshop lesson

ကဲ ကျွန်တော်တို့ အလွယ်ကူဆုံး lesson လေးတစ်ခု လုပ်ကြည့်ကြရအောင်ဗျာ... ခုမှ စသင်မယ့် လူတွေအတွက် ပိုပြီးအသုံးဝင်မှာပါ။ tools လေးတွေရဲ့ သဘောကို နားလည်အောင်လည်း ပါတယ်။ တစ်ခုချင်းစီ ရှင်းပြနေရမှာထက် လက်တွေ့လုပ်လိုက်တာ ပိုကောင်းမယ် ထင်လို့ပါ။
အိုကေ စပြီနော်....




ဘေးနားမှာ ပြထား
တဲ့ ပုံလေးအတိုင်း
စာရွက်အသစ်တောင်းရအောင်
 
ပြီးရင် အောက်မှာ ပြထားတဲ့ အတိုင်း A4 size နဲ့ Resolution 300 ယူပေးပါ။ resolution ပေါ်မှာ မူတည်ပြီး ပုံရဲ့ quality ဟာ အတက်အကျရှိပါတယ်။ သာမန်အားဖြင့် တော့ 300ဆိုရင် လုံလောက်တယ်။ ဒါပေမယ့် ပုံဟောင်းတွေ ပြင်မယ်၊ ဒါမှမဟုတ် size အသေးလေးကနေ size အကြီးချဲ့ရမယ့် အခါမျိုးတွေမှာ resolution ကို ၆၀၀လောက်၊ ၁၂၀၀၊ ၂၄၀၀ လောက်ထိ ပေးရတယ်။ Printing တွေကတော့ higher resolution ဖြစ်တဲ့ ၂၄၀၀ ထားကြတယ်။ ဒါမှလည်း အပြင်မှာ စာအုပ်စာတမ်း ထွက်လာတဲ့အခါ ပြတ်သားနေမှာပါ။



Background Contents နေရာမှာ white ဖြစ်နေတာကို သူငယ်ချင်းတို့ တွေ့ရလိမ့်မယ်။ အဲဒါဟာ ပထမတုန်းပြောသွားတဲ့ background color နဲ့ တူတူပါဘဲ။ စာရွက်ရဲ့ အောက်ဆုံးက ကာလာ ပါ။ သူငယ်ချင်းတို့ ကြိုက်ရာ အရောင်ပြောင်းလို့ရပါတယ်။ ခု လောလောဆယ်တော့ အဖြူရောင်လေးပဲ ထားလိုက် ရအောင်။ ပြီးရင်တော့ OK နှိပ်လိုက်ပါ။

သူငယ်ချင်းတို့ google ကနေ ကြိုက်တဲ့ မင်းသား မင်းသမီး ဒါမှ မဟုတ် ကိုယ့်ပုံပဲ ဖြစ်ဖြစ် ယူပြီး Photoshop ထဲမှာ ဖွင့်လိုက်ပါ။

File ထဲက Open ကနေပီး download လုပ်ထားတဲ့ ပုံလေးကို ယူလိုက်ပါ။ ပုံလေးရောက်ပီဆိုရင် ကျွန်တော်တို့ အသစ်တောင်းထားတဲ့ စာရွက်အဖြူလေးထဲကို ဆွဲထည့်လိုက်ပါ။ ပြီးရင်တော့ ပုံလေးကို ပိတ်လို့ရပါပီ။



ကိုယ် ဆွဲထည့်လိုက်တဲ့ ပုံလေးက သေးနေတယ်သူတွေအတွက်တော့ အပေါ်မှာ ပြထားတဲ့အတိုင်း edit ထဲက Free Transform (ctrl+t) ကိုနှိပ်ပါ။ selection box လေးပေါ်လာရင် လိုချင်တဲ့ size ကို ထောင့်ချိုးလေးကနေပြီး ဆွဲချဲ့လို့ရပါတယ်။ ပုံလေးကို အချိုးကျကျနဲ့ size ကို ဆွဲချဲ့ ချင်ရင်တော့ လက်တစ်ဖက်က keyboard က Alt နဲ့ shift ကို လက်နဲ့ ဖိထားပေးပါ။ ပြီးတဲ့နောက်မှ ထောင့်လေးကနေ ဆွဲချဲ့ပါ အချိုးကျကျ ကြီးလာပါလိမ့်မယ်။
ကျွန်တော်ရွေးထားတဲ့  ပုံလေးရဲ့ မျက်နှာမှာ အမာရွတ်တွေ ရှိနေတယ် ကျွန်တော်တို့ သူ့မျက်နှာလေးကို လှအောင် လုပ်ကြရအောင်။ တစ်ခု ပြောချင်တာက ကျွန်တော်တို့  မြန်မာဒီဇိုင်နာတွေမှာ အကျင့်တစ်ခုရှိတယ် မင်းသမီး မင်းသားပုံတွေကို အရမ်းပြင်ကြတယ်။ တစ်ခါတစ်လေမှာ အပြင်က ရုပ်နဲ့ လုံးဝ မတူအောင် ကွဲပြားသွားတာတွေရှိတယ်။ အပြင်လွန်သွားတယ် တစ်ချို့က ကြိုက်ကြပေမယ့် တစ်ချို့ကတော့ လက်မခံနိုင်ကြဘူး။ ဒါကြောင့် ကျွန်တော်တို့က အလုပ်တစ်ခုကို နှစ်ခါမလုပ်ရအောင် မူရင်း ပုံဟောင်းလေးကို သိမ်းထားဖို့လိုတယ်။ ဒီမှာ ပြောချင်တာလေး တစ်ခုရှိတယ် photoshop ရဲ့ အသက်ဟာ Layer ပါ၊ နားလည်အောင် နည်းနည်း ရှင်းပြမယ်။ layer palette ဟာ အလွှာလေးတွေအလိုက် သိမ်းလို့ရတယ်။ ကျွန်တော်တို့ layer တွေ ကြိုက်သလောက် သုံးလို့ရတယ်။ နောက်ဆုံး တစ်ဖိုင်တည်း ဖြစ်အောင်လည်း လုပ်လို့ရတယ်။ ဒါကြောင့် layer ဖောဖောသီသီ သုံးတတ်အောင် အကျင့်လုပ်ပေးကြပါ။ ဘာလေးပဲ လုပ်လုပ် layer အသစ် တောင်းဖို့ မမေ့ပါနဲ့။ အပြင်က ဆွဲထည့်သမျှကတော့ သူ့ layer နဲ့ သူ ထွက်လာပင်မယ့် ကိုယ် ထပ်ထည့်တဲ့ creation တွေကတော့ layer အသစ်တောင်းဖို့ လိုပါတယ်။ နို့မို့ဆိုရင် ပုံလေးတွေ ရှိတဲ့ layer ပေါ်မှာ သွားပြီး လုပ်မိသလို ဖြစ်သွားလို့ ကိုယ်လုပ်ခဲ့တာ ဖျက်ချင်တယ်ဆိုရင် မလွယ်ကူတော့လို့ပါ။ ဘယ်လိုပဲ ပြောပြော အမှားခံနိုင်အောင်တော့ မူရင်းပုံလေးကို layer တစ်ခုနဲ့ သိမ်းထားရအောင်ဗျာ။

ဘေးဘက်မှာ ကျွန်တော်ဝိုင်းထားတဲ့ အနီစက်ဝိုင်းလေးထဲကို
ပုံလေးရှိတဲ့ layer ကို ဖိပြီး ဆွဲထည့်လိုက်ပါ။ layer နောက်ထပ် အသစ်တစ်ခု ပေါ်လာပါလိမ့်မယ်။ ကဲ ကျွန်တော်တို့ မူရင်း ပုံလေးကို မထိခိုက်ချင်ဘူး။ ဒါကြောင့် မူရင်း ပုံလေးရှေ့မှာ ရှိတဲ့ မျက်လုံးလေး ကို ပိတ်ထားလိုက်ပါ။ ကျွန်တော်တို့ သူ့ကို မထိဘူး၊ မြင်လည်း မမြင်ချင်ဘူး။ ခု ပြင်မှာက ခုန copy ကူးလိုက်တဲ့ ပုံလေးကိုပဲ စပြင်တော့မယ်။ (Layer palette ကို မတွေ့တဲ့ သူတွေက Window ထဲကနေ သွားယူလို့ရပါတယ်။)



ခု ဘေးမှာ မြင်နေရတဲ့ အတိုင်း
Tool box ထဲကနေ patch tool လေးကို ရွေးပါ။ မျက်နှာမှာရှိတဲ့ အမဲစက်လေးတွေကို ဖျက်လိုက်ကြရအောင်နော်
Patch tool လေးရွေးပါ ပြီးရင် အမဲစက်ရှိနေတဲ့ နေရာလေးကို ဖိရွေးပါ။ selection ဖြစ်သွားရင် အမာရွတ်မရှိတဲ့ အသားနေရာလေးမှာ သွားချပေးလိုက်ပါ။ အမာရွတ်လေး ပျောက်သွားပါလိမ့်မယ်။





သူငယ်ချင်းတို့ ကျန်ရှိတဲ့ အမဲစက်လေးကို အဲ့နည်းလေးအတိုင်း ဖျက်ကြရအောင်နော်။
မျက်နှာလေးမှာ အနာရွတ်မရှိတော့ရင်
ပထမတုန်းက ကျွန်တော်တို့ layer ထဲမှာ copy ကူးထားတဲ့အတိုင်း နောက်ထပ် layer တစ်ခုကို copy ကူးထားရအောင်နော်။



ခု မြင်နေရတဲ့ ပုံလေးမှာ အမာရွတ်လေးတွေ မရှိတော့ဘူး၊ ပြီးတော့ ကျွန်တော် layer အသစ်လေး တစ်ခု copy ကူးပြီးသွားပြီ။ အောက်က layer လေးကိုလည်း မျက်စိပိတ်ထားလိုက်ပီနော်။
ကဲ သူ့ရုပ်လေးက နည်းနည်းကြမ်းနေတော့ နည်းနည်းလေး ချောသွားအောင် effect လေး ထည့်ကြရအောင်။
 


ခု ပြထားတဲ့ ပုံလေးကအတိုင်း filter ထဲက blur ထဲကနေ surface blur ကို ရွေးရအောင်၊ Version နိမ့်တဲ့ သူတွေက smart blur ကို ရွေးလို့ ရပါတယ်။ ရွေးလိုက်ပီးရင် မိန်းကလေးရဲ့အသားအရေ ညက်သွားတာကိုတွေ့ရလိမ့်မယ်။ အောက်က Layer မျက်လုံးလေးကို ပြန်ဖွင့်ပါ။ အပေါ်layer မျက်လုံးလေးကို ပိတ်ကြည့်လိုက်ပါ။ အပေါ်နဲ့ အောက် ကွာသွားတာကို တွေ့ရလိမ့်မယ်။ ခု ကျွန်တော်တို့ ပြောင်းလိုက်တော့ ပုံလေးက အသားလေး ညက်သွားတာတော့ ဟုတ်ပါပီ။ ဒါပေမယ့် သူ့ရဲ့ မျက်ခုံး နှုတ်ခမ်းမှာ ရှိတဲ့ အရေးအကြောင်းလေးတွေ မှိန်သွားတယ် ဒါလေးတွေ မမှိန်ချင်ဘူး။ မူရင်း ပုံလေးလို ပဲ လိုချင်တယ်။ ဆိုရင်တော့ tool box ထဲက ခဲဖျက်လေးကို ယူလိုက်ပါ။



ပုံမှာ ပြထားတဲ့အတိုင်း ခဲဖျက်လေးရဲ့ size ကို ၂၅၊ ၃၀ လောက်ထားလိုက်ပါ၊ သူ့ရဲ့ opacity သိပ်သည်းမှုကို ၅၀ % လောက်ထားထားပါ။

Layer မှာ မျက်လုံးလေး နှစ်လုံးကို ဖွင့်ပေးထားပါ။ ပြီးရင် အပေါ်ဆုံး layer ကို ရွေးပြီး ခဲဖျက်လေးနဲ့ မျက်ခုံးနေရာ၊ မျက်လုံးနေရာ၊ နှုတ်ခမ်းသားလေးတွေနဲ့ ဆံပင်လေးတွေကို ဖျက်လိုက်ပါ။ ခဲဖျက်လေးရဲ့ size ကို လိုသလို ချဲ့ချုံ့ပြီး ဖျက်ချင်တဲ့နေရာလေး တွေကို လိုက်ဖျက်နိုင်ပါတယ်။
မူရင်း ပုံလေးက ဆံပင်လေးတွေ ပေါ်လာပါလိမ့်မယ်။ ပုံလေးက တဖြည်းဖြည်းနဲ့ လှလာပါပီ။ ပြီးတော့ အောက်မှာ ပြထားတဲ့အတိုင်း Layer palette ထဲက အပေါ်နှစ်ခုကို keyboard က ctrl key ကိုနှိပ်ထားပြီး ရွေးလိုက်ပါ။ ပြီးရင် layer menu ထဲက Merge Layer

(ctrl +E) ကို ရွေးလိုက်ပါ။ နှစ်ခုပေါင်းသွားပါလိမ့်မယ်။


ဆန္ဒရှိရင် အောက်က မူရင်းပုံလေးနဲ့ ခု လက်ရှိ ပြင်လိုက်တဲ့ ပုံလေးကို မျက်လုံးလေးတွေ ဖွင့်ကြည့် ပိတ်ကြည့်လို့ရပါတယ်
ကွဲပြားသွားတာကို တွေ့ရပါလိမ့်မယ်။
 

 ပုံမှာ ပြထားတဲ့အတိုင်း
Layer အသစ်လေးတစ်ခု ထပ်ခေါ်ရအောင်ဗျာ။

အနီဝိုင်းထားတဲ့ ဟာလေးကို တစ်ချက်နှိပ်လိုက်ယုံပါပဲ။ ဘာမှ မရှိတဲ့ သီးသန့် layer အသစ်လေး ပေါ်လာလိမ့်မယ်။ ကျွန်တော်တို့က အဲ့ဒီ Layer အသစ်လေးကို အပြာရောင် active ဖြစ်နေအောင် ရွေးထားပေးဖို့ လိုပါတယ်။ ပြီးရင် Tool box ထဲက Brush tool လေးကိုသုံး foreground color box လေးထဲမှာ ကြိုက်ရာ အရောင်လေးတွေ ရွေးပီး အလှချယ်ကြည့်ရအောင် မျက်လုံး မျက်ခုံး နှုတ်ခမ်းနီ မိမိစိတ်ကြိုက် ခြယ်လိုက်ပါ။ Brush ရဲ့ size ကိုတော့ သူငယ်ချင်းတို့ အပေါ်မှာ သုံးခဲ့တဲ့ ခဲဖျက်လေးအတိုင်း ချိန်လို့ရတယ်။ သတိထားရမှာ ခြယ်လိုက်တဲ့ အရောင်လေးတွေ Layer အသစ်ထဲမှာ ရှိဖို့ လိုတယ်ပါတယ်။

ကျွန်တော်ကတော့ ကြိုက်ရာ အရောင်လေးနဲ့ ချယ်လိုက်ပီဗျ။




အောက်ကပြထားတဲ့ ပုံလေးအတိုင်း layer အသစ်ကို Gaussian Blur ထည့်ပေးပါ။ Layer ထဲက အနီရောင် ၀ိုင်းထားတဲ့ နေရာမှာ Multiply ရွေးထည့်ပေးပါ။ အဆင်ပြေသွားမယ်။ လိုအပ်ရင် layer ထဲက opacity ကို ကစားပေးနိုင်ပါတယ်။

စိတ်ကြိုက်ရသွားရင် ကာလာခြယ်ထားတဲ့ Layer နဲ့ သူ့ရဲ့ အောက်က Layer ကို ပေါင်းပေးလိုက်ပါ။ ctrl နဲ့ နှစ်ခုလုံးရွေးပြီး Layer menu ထဲက Merge Down (ctrl+E) ကို ရွေးပေးပါ သူငယ်ချင်းတို့ အပေါ်မှာ သုံးဖူးတဲ့အတိုင်းပါပဲ။ Layer တစ်ခုတည်း ပေါင်းထည့်တာပါ။

ပြီးရင် သူ့ရဲ့ မေးရိုးလေးတွေ ၀ိုင်းသွားအောင် လုပ်ရအောင်ဗျာ။
Filter ထဲက Liquify ကို ရွေးပေးပါ။ သူငယ်ချင်းတို့ ပြင်ချင်တဲ့ နေရာလေးတွေကို ဖြည်းဖြည်းချင်းဆီ ပြင်ပေးပါ။ shape တွေ အားလုံးကို ပြင်လို့ရပါတယ်။


သူငယ်ချင်းတို့ စိတ်ရှည်ရှည်နဲ့ ဖြည်းဖြည်းချင်းပြင်ပါ။ မျက်လုံးလေးတွေ ကျဉ်းတဲ့သူတွေ ကျယ်အောင်လုပ်လို့ရတယ်။ နှုတ်ခမ်းလေးတွေ အဆင်ပြေသလို ပြင်လို့ရပါတယ်။ သူငယ်ချင်းတို့ အဆင်ပြေမယ်လို့ ထင်တယ်။



ကဲသူငယ်ချင်းအားလုံး မူရင်းပုံလေးနဲ့ ကွဲပြားသွားတာကို တွေ့ရမှာပါ။ ကျွန်တော် ဒီလောက်နဲ့ပဲ အဆုံးသတ်တော့မယ်ဗျာ။ ဒီသင်ခန်းစာလေးက အလွယ်ကူဆုံးနည်းလေးနဲ့ သုံးသွားတဲ့ သင်ခန်းစာလေးပါ။
ကျေးဇူးတင်ပါတယ်။ ခင်ဗျာ.... သူငယ်ချင်းတို့ အဆင်ပြေကြမယ်လို့ မျှော်လင့်ပါတယ်။

(၁-၂-၂၀၁၁)

No comments:

Post a Comment