Friday 13 January 2012

Google Plus အားလေ့လာခြင်း ( ၂ )

ကောင်လေးငယ်



Posted: 24 Aug 2011 01:41 AM PDT

ကျွန်တော်ဟိုနေ့က Google + ကိုအသုံးပြုနိုင်ဖို့အတွက်ဘယ်လိ Register လုပ်ပြီးဝင်ရောက်ရမယ်ဆိုတာကို
ရှင်းပြရင်းနဲ့စတင်မိတ်ဆက်ပေးခဲ့ပြီးပါပြီ..အခုဆိုရင်အားလုံးပဲ Google + မှာမိမိတို့ရဲ့ကိုယ်ပိုင် Profile တစ်ခု
ပိုင်ဆိုင်သွားပြီလို့ ထင်ပါတယ်..ဒီနေ့တော့ကျွန်တော်တို့ Google + ကိုဆက်ပြီးတော့လေ့လာကြည့်ရအောင်
ဗျာ..

Google ဟာသူရဲ့ Project အသစ်ဖြစ်တဲ့ Google Plus ကို Facebook ကိုကျော်လွှားနိုင်ဖို့အတွက်ဆန်းသစ်တဲ့
နည်းပညာတွေကိုပေါင်းစပ်ပြီးပွဲထုတ်ခဲ့တာဖြစ်ပါတယ်..ကျွန်တော်တို့အရင်က Facebook မှာအသုံးပြုကြတဲ့အခါ
မှာတစ်ယောက်နဲ့တစ်ယောက်သူငယ်ချင်းဖြစ်သွားပြီဆိုတာနဲ မိမိနဲ့ပါတ်သတ်တဲ့အကြောင်းအရာတွေကိုမိမိကအရင်;
နှီးဆုံးသူငယ်ချင်းတစ်ယောက်ကိုသာထုတ်ဖော်ပြချင်တာဖြစ်ပေမယ့် အကြောင်းအရာတစ်ခုကို Share လိုက်ပြီ
ဆိုတာနဲ့မိမိသိစေချင်သူရော မသိစေချင်သူများအားလုံးပါ မိမိ Share လိုက်တဲ့အကြောင်းအရာကိုသိရှိသွားမှာ
ဖြစ်ပါတယ်အဲ့ဒီလိုအားနည်းချက်တွေကို Google Plus က Circles ဆိုတဲ့ Feature ကိုအသုံးပြုပြီး ထိမ်းချုပ်ပေး
သွားတာကို တွေ့ရပါတယ်..

Google Plus မှာပါဝင်တဲ့  Circles ဟာကျယ်ပြန်လှတဲ့ Social Network ကြီးထဲမှာ မိမိတို့ခင်မင်ရင်းနှီးတဲ့အုပ်
စုလိုက် Contacts လုပ်ပေးနိုင်တဲ့အတွက် မိမိကဒီအကြောင်းအရာတစ်ခုကို မိမိနဲ့အရင်းနှီးဆုံး မိတ်ဆွေသူ
ငယ်ချင်းများကိုသာ Share ပေးချင်တာလား ၊ ဒါမှမဟုတ် အားလုံးကိုသိစေချင်တဲ့သဘောနဲ့ Share ချင်တာ
လား ၊စသည်ဖြင့်ခွဲခြား လုပ်ဆောင်ပိုင်ခွင့်တွေပါဝင်ပါတယ်..မိမိတို့စိတ်ကြိုက် Circle တွေကို Create ပြုလုပ်
နိုင်ပြီး ကျယ်ပြန့်လှတဲ့  Social Network ကြီးထဲမှာ ကိုယ်ပိုင် Home Circle များတည်ဆောက်ပြီး Share တွေ
လုပ်ဆောင်နိုင်ခြင်းဟာ Facebook နဲ့မတူညီတဲ့ကောင်းမွန်တဲ့ Feature တစ်ခုဖြစ်ပါတယ်..

Google Plus ကိုအသုံးမပြုရသေးတဲ့သူများကတော့ Circle နဲ့ပါတ်သတ်ပြီးလက်တွေ့လေ့လာကြည့်ချင်
တယ်ဆိုရင်တော့ ဒီလင့်လေး  မှာသွားပြီးတော့လေ့လာနိုင်ပါတယ်..
ပြီးရင် The Google+ project: Explore Circles  နဲ့ပါတ်သတ်ပြီး U-Tube မှာလေ့လာနိုင်ပါသေးတယ်




နောက်ထပ်ထူးခြားစွာပါဝင်လာတဲ့ Feature တစ်ခုကတော့ Hangouts ပါ..Hangouts မှာဆိုရင်မိမိတို့တစ်ဦး
ချင်း Contect လုပ်ကာ Single Video Chat မှသည် Group Chat အထိအသုံးပြုနိုင်တဲ့ Feature ကိုထည့်
သွင်းပေးထားပါတယ်..ကျွန်တော်အပေါ်မှာပြောခဲ့သလို Home Group လေးတွေတည်ဆောက်ပြီး ဝေးကွာ
နေကြတဲ့မိသားစုဝင်များ မိမိတို့လုပ်ငန်းဆောင်တာများ ပြီးဆုံးတဲ့အခါမှာ ပုံမှန်မိသားစုတွေ သိုက်သိုက်ဝန်းဝန်း
နဲ့တွေ့စုံကြသလို တွေ့ဆုံနိုင်အောင်ဖန်တီး ပေးထားတာကလဲ Google Plus မှာပါဝင်တဲ့Hangouts ရဲ့ထူးခြား
ချက်တစ်ခုပါပဲ..။Group Chat တစ်ခုဟာ အများဆုံး လူ ( ၁၀ ) ယောက်အထိပါဝင်နိုင်တာကိုတွေ့ရပါတယ်..
ဒီကောင်လေးကိုအသုံးပြုမယ် ဆိုရင်တော့ GoogleVoiceAndVideoSetup  လေးကို Download  ချပြီးမိမိတို့
အသုံးပြုမဲ့ ကွန်ပျူတာတွေမှာ Install လုပ်ပေးဖို့လိုပါလိမ့်မယ်..
The Google+ project: Explore Hangouts ကိုလည်းအောက်မှာလေ့လာကြည့်နိုင်ပါတယ်..




Sparks ကတော့ရှာဖွေစုဆောင်း မှတ်သားရတာကြိုက်နှစ်သက် သူများအတွက်အရမ်းကိုအသုံးဝင်စေမယ့်
Feature လေးပါ..အရင်လို Google မှာသက်သက်လိုက်ရှာမနေတော့ပဲ မိမိဖတ်ချင်တဲ့အကြောင်းအရာတစ်
ခုကို Sparks မှာရိုက်ရှာမယ်ဗျာ..တွေ့ပြီဆိုတာနဲ့  Share  ကိုနှိပ်လိုက်ပါ..ပြီးရင် Add circles or people
to share with...ကနေပြီးတော့ မိမိကအားလုံးကို ဒီအကြောင်းကို Share ပေးချင်တာလား  ဒါမှာမဟုတ်မိမိဘာ
သာသီးသန့်သိမ်းထားချင်တာလား ဆိုတာကို သက်ဆိုင်ရာ Circle လိုက်ရွေးပြီး Share ပေးထားယုံပါပဲ..
စိတ်ကြိုက်အကြောင်းအရာတွေအကုန်လုံးကို မိမိကိုယ်ပိုင် Circle ထဲမှာထည့်ပြီးသိမ်းထားယုံပါပဲ..
The Google+ project: Explore Sparks  နဲ့ပါတ်သတ်ပြီးအောက်မှာလေ့လာကြည့်နိုင်ပါတယ်..



နောက်ထပ်လေ့လာချင်သူများကိုမိတ်ဆက်ပေးချင်တာကတော့ Google + နဲ့  Facebook  ရဲ့ကွာခြားချက်
ပါ..အောက်ပုံကိုလေ့လာကြည့်လိုက်ရင်ဘာတွေကွာခြားချက်ရှိလဲဆိုတာ သဘောပေါက်သွားပါလိမ့်မယ်..



ဒါကတော့ Google Plus မှာပါဝင်တဲ့ Feature လေးတွေကိုလေ့လာကြည့်ရင်းနဲ့ Google + နဲ့ Facebook 
နှိုင်းယှဉ်ချက်လေးကိုပြန်ပြီးတော့မျှဝေပေးလိုက်တာဖြစ်ပါတယ်..နောက်ရက်တွေမှာလဲဆက်ပြီးတော့
လေ့လာမိတာလေးတွေကိုမျှဝေပေးသွားပါအုံးမယ်..

ajax loader
Posted: 23 Aug 2011 10:43 PM PDT

ကျွန်တော်တို့ Firefox ကိုအသုံးပြုသူတိုင်း မိမိတို့စိတ်ကြိုက် Website ကိုအလွယ်တကူ ရှာဖွေရလွယ်
အောင် Firefox မှာပါဝင်တဲ့ Bookmark လေးကိုသုံးပြီး အလွယ်တကူ မှတ်သားတက်ကြတာ ကိုတွေ့
ရပါတယ်..အဲ့ဒီမှာ Firefox မှာပါဝင်တဲ့ Bookmark လေးဟာကျွန်တော်တို့ Windows အသစ်တင်ရင်ပဲ
ဖြစ်ဖြစ် အကြောင်းတစ်ခုခုကြောင့် Firefox  ကိုအသစ်ပြန်တင်တဲ့ အခါမှာပဲဖြစ်ဖြစ် မိမိတို့အချိန်ပေး ပီး
စိတ်ကြိုက် မှတ်သားထားတဲ့ Bookmark ထဲကလင့်တွေဟာလဲ အလွယ်တကူ ပျောက်ဆုံးသွားမှာ
ဖြစ်ပါတယ်..အဲ့ဒီလိုမဖြစ်ရအောင် Bookmark လေးကိုဘယ်လို Export လုပ်ရမယ်ဆိုတာကိုအရင်က 
ရှင်းပြပေးဖူးပါတယ်..။အခုကျွန်တော် ဘာလို့ထပ်တင်ပေး ရလဲဆိုတော့မသိသေးတဲ့ သူများအတွက်
ရောပြီးရင် Firefox အသစ်တွေထပ် ထွက်လာတဲ့အခါမှာ အရင်တုန်းက အသုံးပြုခဲ့တဲ့ပုံစံလေးတွေ နဲ့
မတူတော့တာကြောင့် မသိသေးတဲ့သူတွေ အတွက်အလွယ်တကူ Export လုပ်လို့ရအောင် တင်ပေး
လိုက် တာပါ..။

ကျွန်တော်အောက်မှာ ပုံလေးတွေနဲ့အရင်ဆုံး Bookmark လေးကိုဘယ်လို Export လုပ်ရမယ်ဆိုတာ
ရယ် Export လုပ်ထားတဲ့ Bookmark လေးကို Firefox မှာဘယ်လိုပြန်သွင်းရမယ်ဆိုတာတွေကိုရှင်းပြ
ပေးထားပါတယ်..။ပုံလေးတွေကိုကြည့်ပြီး လုပ်လိုက်ရင်အဆင်ပြေသွားပါလိမ့်မယ်..။အရင်ဆုံး Firefox
ကိုဖွင့်လိုက်ပါ..ပြီးရင်အောက်က ပုံလေးတွေမှာပြထား သလိုအဆင့်ဆင့်လိုက်လုပ်ပေးလိုက်ပါ..။




အပေါ်ကပုံအတိုင်း Firefox Bookmark လေးကို  Download လုပ်ပြီးသွားပြီဆိုရင်တော့အောက်မှာဆက်ပြီး
တော့ Export လုပ်ထားတဲ့ကောင်လေးကို ဘယ်လို Import လုပ်ရမယ်ဆိုတာ အောက်မှာပုံလေးတွေနဲ့ဆက်
ပြီးတော့ရှင်းပြပေးထားပါတယ်..







ဒီလောက်ဆိုရင်တော့ Firefox Bookmark လေးကိုဘယ်လို Export လုပ်ပြီး ဘယ်လို Import ပြန်လုပ်ပေး
ရမလဲဆိုတာကိုသိသွားပြီလို့ထင်ပါတယ်..

No comments:

Post a Comment