Friday 13 January 2012

Google+ အကြောင်းမသိသေးတဲ့ သူငယ်ချင်းတွေအတွက်ပါ

ညချစ်သူ

Google+ အကြောင်းမသိသေးတဲ့ သူငယ်ချင်းတွေအတွက်ပါ

အခုတလောကျွန်တော် social website အသစ်တစ်ခုဖြစ်တဲ့ Google+ ကိုတော်တော်လေးသုံးရတာအကြိုက်
တွေ့နေပါတယ်။ ကျွန်တော်တို့မြန်မာလူမျိုးအများစုက Gmail နဲ့မစိမ်းကြပါဘူး။

ဒါပေမယ့် Google+ နဲ့တော့တော်တော်လေးမရင်းနှီးကြဘူးလို့ထင်မိတယ်။
 
သိပြီးသားသူတွေကတော့ ကျော်သွားကြပေါ့။ မသိသေးတဲ့သူတွေကတော့ စိတ်ရှည်ရှည်နဲ့ဖော်စား အဲလေ
 
ဆက်ပြီးဖက်ကြည့်ကြပေါ့နော် အားလုံးအတွက် ကောင်းကွက်လေးတွေရှိလို့မျှဝေပေးတာပါ။
 
ဆရာကြီးလုပ်တယ်လို့တော့မထင်ပါနဲ့ဗျာ။ 
 
 
 
Google+ ဆိုတာဘာလဲ??? 
 
google+ ဆိုတာက အားလုံးသိကြတဲ့ နာမည်ကြီး google.com ရဲ့ social networking service တစ်ခုဖြစ်ပါတယ်။
 
ဒီထက်နဲနဲပိုခက်အောင်ပြောရရင် Google+ ဆိုတာ Facebook,Twitter,VZO(skype),Gtalk အဲ့ဒါတွေအားလုံးကို
 
ပေါင်းစည်းထားတဲ့ website တစ်ခုပေါ့။ ရှုပ်သွားပြီလားမသိဘူး။ မရှုပ်ပါနဲ့အုံး လွယ်လွယ်လေးပါ။ ဒီလိုမှတ်ထား
 
လိုက် Facebook အငယ်စားလေးပေါ့။ 
 
တကယ်ပဲ Facebook အငယ်စားလေးလား?? Facebook Killer လား???
 
G+ မှာ FB နဲ့လုံးဝနီးပါးချွတ်စွတ်တူနေတဲ့နေရာတွေရှိနေပါတယ်။ ဒါပေမယ့် FB အတု ဒါမှမဟုတ် FB ကို copy
 
လုပ်ထားတာဆိုပြီးကမ္ဘာပေါ်ကဘယ် user ကမှအထင်မသေးရဲခဲ့ပါဘူး။ ဘာလို့လဲဆိုတော့ FB ဆီက copy လုပ်
 
ထားတယ်ဆိုတာထက် FB တောင်နောက်ကောက်ကြသွားနိုင်တဲ့ အားသာချက်တွေများစွာနဲ့ users တွေဆီကို feature
 
အသစ်တွေနဲ့ ဝင်ရောက်လာခဲ့တာပါ။ အခုဆို feature အသစ်အသစ်တွေဆက်တိုက်ထွက်လာပြီး ဟိုတလောက FB ပိတ်
 
တော့မယ်ဆိုတဲ့ သီတင်းတကယ်မှန်သွားစေနိုင်လောက်အောင် လျှင်လျှင်မြန်မြန်နဲ့အောင်မြင်လာခဲ့ပါတယ်။ 
 
 
 
Google+ ဆိုပြီးတရားဝင်မလွှင့်တင်ခင်အထိ Google+ Project ဆိုပြီး Google company က၀န်ထမ်းတွေကိုစပြီး
 
အသုံးပြုခွင့်ပေးခဲ့ပါတယ်။ အဲ့ဒီ Trial ကာလအတွင်းကတော့ G+ ကိုလက်ရှိအသုံးပြုနေတဲ့သူတွေက invite လုပ်ပေး
 
မှ အကောင့်မရှိသေးတဲ့သူတွေအသုံးပြုခွင့်ရတဲ့ကာလပါ။ အံ့သြစရာကောင်းလောက်အောင်ပါပဲ Trial ကာလ
 
(June 28, 2011 until September 20,2011) ၄လ အတွင်းမှာ အသုံးပြုသူဦးရေ သန်း ၅၀ ကျော်တဲ့ အထိ
 
အောင်မြင်ခဲ့ပါတယ်။ အတိအကျပြောရရင်တော့ Trial စလွှင့်တင်ပြီး ၂ပတ် အတွင်းမှာတင် အသုံးပြုသူ ၁၀ သန်း၊
 
၁လ အတွင်း ၂၅သန်း(ဒါတောင်တရုတ်မှာ Block လုပ်ထားခဲ့လို့) အထိအောင်မြင်ခဲ့ပါတယ်။ ထက်ပြီးအတိအကျပြော
 
ရရင် Facebook စတင်လွှင့်တုန်းက အသုံးပြုသူ ၂သန်း ရရှိဖို့ ၂နှစ် ကြာခဲ့ပါတယ်။ G+ က FB ရဲ့စံချိန်ကိုချိုးပြခဲ့ပါတယ်။
 
 
 
ဘာလို့ G+ အဲ့လောက်အောင်မြင်လာခဲ့တာလဲ???
 
G+  မှာ circle, photo, stream, hangout, game, spark  ဆိုတဲ့ အဓိက features တွေပါရှိပါတယ်။
 
Circles
 
 
 
G+ ကိုအောင်မြင်စေတဲ့အဓိက feature  ပါ။ Circle တွေဘယ်လိုအလုပ်လုပ်လဲကြည့်ရအောင်
 
Google+ ရဲ့ circle တွေက facebook ရဲ့ Add As Friend နဲ့လုံးဝကွာပါတယ်။ G+ မှာ user အတွက်
 
friends,family,acquaintances, following ဆိုတဲ့ circles တွေပါပြီးသားပါ
 
 
သင်လုပ်ရမှာကသင့် gmail account ထဲက သူငယ်ချင်းတွေကို click လိုက်ထောက်ပြီး ရှိနေတဲ့ friends ဆိုတဲ့
 
စက်ဝိုင်းထဲကို drop ချလိုက်ရုံပါပဲ၊ မိသားစုဝင်တွေဆိုရင်တော့ Family ဆိုတဲ့စက်ဝိုင်းထဲကိုပေါ့။
 
Following ဆိုတာက ဥပမာ Britney Spears ဆိုပါတော့ သင်ကသူ့ကို friend circle ထဲထဲ့လို့ရပါတယ်၊
 
သင့်သဘောပါပဲ ဒါပေမယ့် သင်ဟာသူနဲ့တကယ်သူငယ်ချင်းမဟုတ်ပါဘူး။ သူကလဲ သန်းနဲ့ချီတဲ့ friend requests 
 
တွေထဲကသင့်ရဲ့ request ကိုမှရွေးပြီးသူ့ရဲ့သူငယ်ချင်းစက်ဝိုင်းထဲ ထဲ့မှာမဟုတ်ပါဘူး။ အဲ့တော့သူ့ရဲ့ public profile
 
ကိုသင်ဝင်ကြည့်လို့ရမှာမဟုတ်ပါဘူး။ အဲ့တော့သင်သူ့ကို Follow လုပ်လိုက်ပါ။
 
 
သင်ဟာသူ့ရဲ့ ပရိတ်သတ်တစ်ယောက်ဖြစ်သွားပါပြီ။ သူ့ရဲ့ Public sharing တိုင်းကိုသင်မြင်တွေ့နိုင်ပါပြီ။
 
Pages တွေ ဥပမာ မှော်ဆရာgroup ရဲ့ page ဆိုပါတော့ group ထဲကမန်ဘာတွေနဲ့သူငယ်ချင်းဖြစ်လို့ရပေမယ့်
 
group ကြီးနဲ့တော့သူငယ်ချင်းဆိုတာမဖြစ်နိုင်ပါဘူး အဲ့တော့ကျွန်တော်တို့တွေ ဒီ group ကို follow လုပ်ရပါတယ်
 
ဒီသဘောပါ။
 
 
 
Circles တွေရဲ့အသုံးဝင်ပုံ
 
ဘာလို့ဒီလိုစက်ဝိုင်းတွေရှိနေရတာလဲ??? အဖြေရှင်းဖို့အတွက် Facebook နဲ့သတ်သေပြရမှာပါ။
 
ဥပမာဗျာ ကျွန်တော်တက္ကသိုလ်တက်တုန်းက အတန်းတက်ဖို့နေနေသာသာ ကန်တင်းမှာကြီးပဲ ၃နှစ်ကုန်ခဲ့တာ
 
အဲ့အကြောင်းတွေ ကျွန်တော်ပြန်တွေးဖြစ်တော့ တက္ကသိုလ်ကြီးကိုလွမ်းမိတာပေါ့၊ အဲ့လိုနဲ့ကျွန်တော် Facebook 
 
ပေါ်တင်မယ်ဆိုပါတော့။ တင်လိုက်ပါပြီ။ ဖြစ်ချင်တော့ကျွန်တော့်အမေကြီးလဲ FB သုံးတယ်လေ
 
သူကလဲကျွန်တော့်ထဲမှာ family member တစ်ယောက်အနေနဲ့ရှိနေတယ် အဲ့တော့ကျွန်တော်တင်တာကို
 
သူမြင်နေရတာပေါ့။ သူ မဆူရင်တောင်ဘယ်စိတ်ကောင်းပါ့မလဲ။ ဒါပေမယ့်ဗျာ လေတာကလဲလေပြီးသွားပြီ
 
FB ပေါ်တင်ချင်တာလဲအရမ်းပဲ အမေတစ်ယောက်ထဲကိုမတွေ့အောင်ဖန်တီးပြီးတင်လို့ရပေမယ့်
 
ကိုယ့်သူငယ်ချင်းဖြစ်နေတဲ့ အမေ့ရဲ့သူငယ်ချင်းတွေ ရှိနေရင်ဘယ်လိုလုပ်မလဲ။ ဒါဥပမာပဲရှိသေးတာနော်။
 
ကျွန်တော်တို့ဆီမှာလူတိုင်းမသိစေချင်တဲ့ခံစားချက်လေးတွေရှိတာပဲ အဲ့ခံစားချက်လေးတွေအတွက်ထွက်ပေါက်
 
အဖြစ် ကိုယ်သိစေချင်တဲ့သူတွေကိုပဲသိစေလိုတာမျိုးတွေလဲရှိတာပေါ့၊ FB ကဒါမျိုးတွေဖန်တီးမပေးနိုင်ပါဘူး။
 
လူတစ်ယောက်ကိုသင်သူငယ်ချင်းအဖြစ်လက်ခံလိုက်ပြီဆိုရင် သင်တင်သမျှပိုစ်တွေကို သူမြင်ချင် မမြင်ချင်ချင်
 
တွေ့နေရမှာပါပဲ။ 
 
 
G+ ရဲ့circles တွေကအဲ့ပြဿနာကိုလွယ်ကူတဲ့အဖြေနဲ့ရှင်းပေးထားပါတယ်။ circle တွေပါ။
 
ခုနကကျွန်တော့ဥပမာအတိုင်းဆိုရင် ကျွန်တော် G+ ထဲမှာ University Friends ဆိုတဲ့စက်ဝိုင်းဆောက်လိုက်မယ်ဗျာ။
 
ပြီးတက္ကသိုလ်ကသူငယ်ချင်းတွေချည်းပဲထဲ့ထား နောက်ကိုရေးချင်တာရေးပြီး ကိုယ့်ပိုစ်ကိုတွေ့စေချင်တဲ့
 
circles တွေကိုပဲရွေးပြီး share လိုက်။  Public ထဲတင်ချင်ရင် Public ဆိုတာကိုရွေးပြီး share လိုက်။
 
အလွန်လွယ်ကူပြီးသင့်ရဲ့ privacy ကိုလဲမထိခိုက်ပါဘူး။
 
 
 
Circles တွေအကြောင်းကပြောရင်တောင်ကုန်ပါ့မလား  တစ်ခုကျန်သေးတယ် friend တွေအချင်းချင်း
 
the whole circle လုံး share လို့ရသေးသဗျာ။ ကျွန်တော့်ဆီမှာကျွန်တော်လေးစားတဲ့စာရေးဆရာတွေချည်းပဲရှိတဲ့
 
စက်ဝိုင်းရှိတယ်ဗျာ ကျွန်တော့်သူငယ်ချင်းတစ်ယောက်ကအဲ့စာရေးဆရာတွေကို follow လုပ်ချင်တယ် FB ထဲမှာသာ
 
ဆိုရင် ကျွန်တော့် friends တွေဗြောက်သောက်တွေထဲကတစ်ယောက်ချင်းစီကိုလိုက်ပြီး Add ရမှာ စက်ဝိုင်း
 
တွေရှိနေခြင်းကလူတွေကိုသူ့အပိုင်းနဲ့သူစုစည်းထားလို့ရတယ် အခုလိုကျွန်တော့်သူငယ်ချင်းကတောင်းဆိုတာ
 
မျိုးရှိလာပြီဆိုရင် ကျွန်တော်က ကျွန်တော့်ရဲ့ စာရေးဆရာတွေပဲရှိတဲ့ Friend circle ကိုသူငယ်ချင်းဆီ
 
Share ပေးလိုက်ရုံပဲ။ သူလဲအချိန်ကုန်သက်သာတယ် စံနစ်တကျလဲဖြစ်တယ်၊ ဘယ်လောက်ကောင်းလဲ။ 
 
ကဲအခုတော့ Circle တွေအကြောင်းနဲ့ပဲခဏရပ်ထားလိုက်ရအောင်။ 
 
နောက်မှပဲ မေးလ်တစ်စောင်နဲ့ထပ်ရှုပ်တော့မယ်ဗျာ
 
ကျွန်တော့်ကို Google+ ထဲမှာ +chan myat oo ဆိုပြီးတွေ့နိုင်ပါတယ်။
 
circle တွေထဲလဲ add နိုင်ပါတယ်ဗျာ။
 
 
ကြည့်သူဦးရေ: 501

No comments:

Post a Comment